မိုဘိုင်းငွေရေးကြေးရေးဝန်ဆောင်မှုလုပ်ငန်းများကြီးကြပ်မှုကော်မတီအား ဗဟိုဘဏ် ဒု-ဥက္ကဋ္ဌအား ဥက္ကဋ္ဌအဖြစ်တာဝန်ပေးအပ်၍ဖွဲ့စည်းခဲ့

0
478

နစက ၏အမိန့်ကြော်ငြာစာအမှတ်(၁၃၉/၂၀၂၂) ဖြင့် မိုဘိုင်းငွေရေးကြေးရေးဝန်ဆောင်မှုလုပ်ငန်းများအား သတ်မှတ်ထားသည့် စည်းကမ်းချက်များနှင့်အညီ လိုက်နာဆောင်ရွက်နိုင်ရေးနှင့်စီစစ်ကြပ်မတ်နိုင်ရေးတို့အတွက် ဗဟိုဘဏ် ဒု-ဥက္ကဋ္ဌအား ဥက္ကဋ္ဌအဖြစ်တာဝန်ပေးအပ်၍ မိုဘိုင်းငွေ ရေးကြေးရေးဝန်ဆောင်မှုလုပ်ငန်းများကြီးကြပ်မှုကော်မတီအား ဖွဲ့စည်းခဲ့သည်။

ကြီးကြပ်မှုကော်မတီတွင် ဗဟိုဘဏ်မှ ကိုယ်စား လှယ် ၁ ဦးအား အတွင်းရေးမှူး၊တပ်မတော်စစ်ဘက်ရေးရာလုံခြုံ‌ရေးအရာရှိချုပ်ရုံးမှ ကိုယ်စား လှယ် ၁ ဦးအား တွဲဖက်အတွင်းရေးမှူးတာဝန်များပေးအပ်ခဲ့သည်။

အမျိုးသားလုံခြုံရေးအဖွဲ့၊ ပြည်ထဲရေးဝန်ကြီးဌာန၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ မှုခင်းရဲ တပ်ဖွဲ့၊ ဥပဒေရေးရာဝန်ကြီးဌာန၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနနှင့်ငွေရေးကြေး ရေးဆိုင်ရာစုံစမ်း‌ထောက်လှမ်းရေးအဖွဲ့(FIU)တို့မှ ကိုယ်စားလှယ် ၁ ဦးစီတို့မှလည်း အဖွဲ့ဝင်များအဖြစ်ပါဝင်ကြောင်း သိရသည်။

ကြီးကြပ်မှုကော်မတီသည် မိုဘိုင်းငွေရေးကြေးရေး ဝန်ဆောင်မှုလုပ်ငန်းများနှင့်ပတ်သက်၍ အကြံပြုထုတ်ပြန်ထားသည့် စည်းကမ်းချက်များအား လိုက်နာဆောင်ရွက်စေရန် ၂၀၀၈ ခုနှစ်၊ဖွဲ့ စည်းပုံအခြေခံဥပဒေ၊ ၂၀၁၂ ခုနှစ်၊နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေ၊ ၂၀၁၃ ခုနှစ်၊မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥပဒေ၊ ၂၀၁၄ ခုနှစ်၊အီလက်ထရောနစ်ဆက်သွယ်ရေးဥပဒေ၊ ၂၀၁၆ ခုနှစ်၊ငွေရေးကြေးရေးအဖွဲ့အစည်းများဥပဒေ စသည့် မိုဘိုင်းငွေ ကြေးဝန်ဆောင်မှုလုပ်ငန်းနှင့်သက်ဆိုင်သည့် တည်ဆဲဥပဒေ၊နည်းဥပဒေ၊လုပ်ထုံးလုပ်နည်းများနှင့်အညီ ကြီးကြပ်လမ်းညွှန်ပေးရမည်ဖြစ်သည်။

နိုင်ငံတော်၏ အချုပ်အခြာအာဏာနှင့်တည်ငြိမ်အေးချမ်းမှုကို ထိခိုက်စေသည့် ငွေကြေးခဝါချမှုများ၊အကြမ်းဖက်အဖွဲ့အစည်းများအား ငွေကြေးထောက်ပံ့မှုဆိုင်ရာကိစ္စရပ်များ ဖြစ်ပွားမှုမရှိစေရန်နှင့်ကောင်းမွန်လုံခြုံသည့် ငွေရေးကြေးရေးဝန်ဆောင်မှုလုပ်ငန်းများကို ပြည်သူများအသုံးပြုနိုင်ရန် မူဝါဒများနှင့်လုပ်ငန်းစီမံချက်များချမှတ်ပေးရမည်ဖြစ်သည်။

မိုဘိုင်းငွေရေးကြေးရေး ဝန်ဆောင်မှုလုပ်ငန်းများအား ကြီးကြပ်ထိန်းချုပ်နိုင်ရန်လိုအပ်သည့် ဆပ် ကော်မတီများ၊နည်းပညာအထောက်အကူပြုအဖွဲ့များနှင့်လုပ်ငန်းအထောက်အကူပြုအဖွဲ့ များအား သက်ဆိုင်ရာဌာန၏ လုပ်ငန်းတာဝန်အလိုက်ဖွဲ့ စည်းပေး၍ လုပ်ငန်းတာဝန်နှင့်ဝတ္တရားများကိုချမှတ်ပေးရမည်။

ဗဟိုဘဏ်မှထုတ်ပြန်ထားသည့် မိုဘိုင်းငွေရေး ကြေးရေး ဝန်ဆောင်မှုလုပ်ငန်းများဆိုင်ရာစည်း မျဉ်း(ငွေရေးကြေးရေး ဥပဒေစည်းမျဉ်း/၀၁/၀၃- ၂၀၁၆)နှင့်မိုဘိုင်းဘဏ်လုပ်ငန်းဆိုင်ရာညွှန်ကြား ချက်အမှတ်(၄/၂၀၁၃)တို့အားစိစစ်၍ ပြင်ဆင်ပြောင်းလဲရန်လိုအပ်သည့်အချက်အလက်များအား ပြုစုတင်ပြရမည်ဖြစ်သည်။

မိုဘိုင်းငွေရေးကြေးရေးဝန်ဆောင်မှုလုပ်ငန်းများအား ဥပဒေနှင့်အညီ စနစ်တကျဖြစ်စေရေး ကြီး ကြပ်ဆောင်ရွက်နိုင်ရန် ဝန်ကြီးဌာနများ/အဖွဲ့အစည်းများကြား ပေါင်းစပ်ညှိနှိုင်းပေးရမည်ဖြစ်သည်။

မိုဘိုင်းငွေရေးကြေးရေး ဝန်ဆောင်မှုလုပ်ငန်းများ လိုက်နာဆောင်ရွက်ရမည့် စည်းကမ်းချက်များ ထုတ်ပြန်ရန်နှင့်ကော်မတီဝင်အဖွဲ့အစည်းများမှ လိုအပ်ချက်ပေါ်မှုတည်ပြီး အကြံပြုတင်ပြလာသည်များကို အတည်ပြု၍ စည်းကမ်းချက်များထပ်မံထုတ်ပြန်ရမည်ဖြစ်သည်။

မိုဘိုင်းငွေရေးကြေးရေးဝန်ဆောင်မှုလုပ်ငန်းအ သုံးပြုသူများ၏ အချက်အလက်များအား ပို့ ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနနှင့်လူ ဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနများရှိ အချက်အလက်များနှင့်တိုက်ဆိုင်စစ် ဆေးရန် ကြီးကြပ်မှုကော်မတီမှညှိနှိုင်းဆောင် ရွက်ရမည်ဖြစ်သည်။

ကြီးကြပ်မှုကော်မတီသည် ယင်း၏လုပ်ငန်းတာဝန်များကိုဆောင်ရွက်ရာ၌ လုပ်ငန်းအလျောက် လိုအပ်ချက်ပေါ်မူတည်၍ အစည်းအဝေးကျင်းပပြုလုပ်ရမည်ဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here