ပြည်ပကို အားမကိုးဘဲ တိုင်းပြည် ဖွံ့ဖြိုးတိုးတက်အောင် လုပ်မည်ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ပြောကြား

0
310

တိုင်းပြည်အားသည် ပြည်တွင်း၌သာ ရှိသည့်အတွက် ပြည်ပကို အားမကိုးဘဲ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်မည် ဖြစ်ကြောင်း နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။

အောက်တိုဘာ ၇ ရက် နေပြည်တော်တွင် ပြုလုပ်သည့် ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအ ဝေးတွင် ပြောကြားခဲ့ခြင်း ဖြစ်သည်။

“တိုင်းပြည်အားသည် ပြည်တွင်းမှာသာရှိ၍ ပြည် ပကိုတ တ်နိုင်သမျှ မှီခိုမှုမပြုရန် မိမိအနေဖြင့် အမြဲပြောကြားခဲ့သည်မှာ ခေတ်အဆက်ဆက်တွေ့ ကြုံခဲ့သည့် သင်ခန်း စာများအရ ဖြစ်ပါတယ်။ ဒါ‌ကြောင့် မိမိတို့အနေဖြင့် နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုး တက်ရန် ပြည်ပကိုအားကိုးနေ၍ မရဘဲ ပြည်တွင်းစီးပွားရေးကို အားပေးဆောင်ရွက်ခြင်းဖြင့် တ တ်နိုင်သမျှ ကြိုးပမ်းဆောင်ရွက်ခြင်းသည် အကောင်းဆုံးပဲ ဖြစ်ပါတယ်” ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။

ထို့အပြင် ၎င်းတို့တာဝန်ယူနေချိန်တွင် ပြည်တွင်းစီးပွား ရေးတိုးတက်လာစေရန် ကြိုးပမ်းဆောင်ရွက်နေပြီး  ကုန် ထုတ်လုပ်မှုလုပ်ငန်းများဖြစ်သည့် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး(MSME) လုပ်ငန်းများ၊ စို က်ပျိုးမွေးမြူရေးလုပ်ငန်းများကို အဓိကထား အားပေးဆောင်ရွက်နေကြောင်းလည်း ပြောကြားခဲ့သည်။

ကုန်ထုတ်လုပ်မှု လုပ်ငန်းများဆောင်ရွက်ရန် လူသားအ ရင်းအမြစ် လိုအပ်မှုအား တစ်နိုင်ငံလုံးဝိုင်းဝန်းဆောင် ရွက်ရန်လိုကာ အခြေခံပညာပြီး မြောက်မှုမရှိသေးသည့် လုပ်ငန်းဆောင်ရွက်နေသူများကို အလယ်တန်းပညာ၊အ ထက်တန်းပညာအလိုက် စိုက်ပျိုးမွေးမြူရေးနှင့် လုပ်ငန်း ခွင်သင်တန်းများ ဖွင့်လှစ်ဆောင်ရွက်ပေးရန်လိုသည်ဟု ပြောသည်။

“စိုက်ပျိုးရေး သိပ္ပံ၊ မွေးမြူရေး သိပ္ပံနဲ့ စက်မှုသိပ္ပံ တက် ရောက်သူတွေထဲက ထူးချွန်သူတွေအနေနဲ့လည်း သက် ဆိုင်ရာ ပညာရပ်အလိုက် တက္ကသိုလ်နဲ့ ကောလိပ်တွေကို တက်ရောက်လို့ရပါတယ်။ ဒါ့ကြောင့် လူသားအရင်းအမြစ် လုံလောက်အောင်ရရှိဖို့အတွက် ပညာရည်မြင့်မားရေးလုပ်ငန်းတွေကို အောင်မြင်အောင်ဆောင်ရွက်ကြဖို့လိုပါတယ်” ဟု နစက ဥက္ကဋ္ဌက ပြောသည်။

ထို့အတူ MSME လုပ်ငန်းများသည် ပြည်တွင်းရှိ လုပ်ငန်းရှင်များကိုယ်တိုင်ဆောင်ရွက်နိုင်သည့် လုပ်ငန်းများဖြစ်ကာ အစိုးရမှ ကူညီဆောင်ရွက်ပေးရမည့်ကိစ္စများရှိသည်ကိုလည်း တွေ့ရှိခဲ့ရသည်ဟု ပြောသည်။

အရင်းအနှီးနှင့် ပတ်သက်၍ MSME ဆောင်ရွက်နေသူ များအနေဖြင့် ကိုယ်တိုင်ကြိုတင် အားထုတ်ရန်လိုကာ ခိုင်မာသည့် လုပ်ငန်းများရှိချိန်တွင် နိုင်ငံတော်မှရင်းနှီးမြှုပ်နှံငွေများ ထုတ်ချေးပေးသွားမည်ဟုလည်း နစက ဥက္ကဋ္ဌက ပြောကြားခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here