မက္ကဆီကို မူးယစ်ဆေးဝါးဂိုဏ်းက မြို့​တော်ဝန်အပါဝင်လူ ၂၀ အားပစ်သတ်

0
224

မက္ကဆီကိုတွင် မူးယစ်ဆေးဝါးဂိုဏ်းတစ်ခု​၏လက်ချက်ဖြင့် မြို့တော်ဝန်နှင့် ၎င်း၏ဖခင်(မြို့​တော်ဝန်​ဟောင်း) အပါအဝင် လူပေါင်း ၂၀ သေဆုံးခဲ့ကြောင်း AP သတင်းက ဖော်ပြထားသည်။

Tequileros ဂိုဏ်းကဟုပြောထား​သော ထိုလူသတ်သမားများက ယခုပစ်ခတ်မှုကို ၄င်းတို့လုပ်​ဆောင်ခဲ့ခြင်းဖြစ်​ကြောင်း ဗီဒီယိုဖိုင်နှင့် ထုတ်ဖော်ပြောဆိုထားသည်။

သေနတ်သမားများသည် ​အောက်တိုဘာ ၆ရက်​နေ့က San Miguel-Totolapan မြို့ရှိ မြို့တော်ခန်းမကို ဝင်ရောက်စီးနင်းကာ ဆွေးနွေးပွဲလုပ်နေ​​သောမြို့တော်ဝန်နှင့် အခြားအရာရှိများကြား ကို ပစ်ခတ်ခဲ့ကြောင်း Guerrero ပြည်နယ် လုံခြုံရေးကောင်စီက ပြောကြားခဲ့သည်။ သေဆုံးသူများထဲတွင် မြို့တော်ဝန် Conrado Mendoza နှင့် ၎င်း၏ဖခင် Juan Mendoza Acosta (မြို့တော်ဝန်ဟောင်း) တို့ပါဝင်သည်။

Source:news.am


LEAVE A REPLY

Please enter your comment!
Please enter your name here