မြင်းခြံတွင် မူလတန်းပြဆရာ ၂ ဦး သေနတ်ဖြင့် ပစ်သတ်ခံရ

0
435

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်၊ ကိုင်းကျေးရွာ၌ အောက်တိုဘာလ ၇ ရက် နံနက်ပိုင်းက ‌မူလတန်းပြဆရာ ၂ ဦး သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ ထံမှ သိရသည်။

မြင်းခြံမြို့နယ်၊ ကိုင်းကျေးရွာ၌ အောက်တိုဘာ ၇ ရက် နံနက် ၅ နာရီအချိန်ခန့်တွင် ကျေးရွာနေသူများဖြစ်သည့် ကိုင်းရွာအခြေခံပညာမူလတန်းကျောင်းမှ မူလတန်းပြဆရာဖြစ်သူ ဦးသန်းထွဋ်စိုး(၄၄)နှစ် (ဘ)ဦးချစ်ကိုနှင့် ဦးဝင်းဗိုလ်(၅၃)နှစ် (ဘ)ဦးချစ်ကိုတို့သည် ၎င်းတို့၏နေအိမ် များ၌ ရှိနေစဉ် အမည်မသ်လက်နက်ကိုင် အင်အား ၁၀ ဦးခန့်က ဧရာဝတီမြစ်အနောက်ဘက်ကမ်းမှ စက်လှေဖြင့် ရောက်ရှိလာပြီး ၎င်းတို့ ၂ ဦးအား သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့သဖြင့် ဦးသန်းထွဋ်စိုးနှင့် ဦးဝင်းဗိုလ်တို့တွင် သေနတ်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ခြင်းဖြစ်သည်။

အဆိုပါ ဖြစ်စဉ်တွင် ပါဝင်ပတ်သက်သူများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းဖော်ထုတ်လျက်ရှိသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here