ပခုက္ကူမြို့တွင် မိုးသည်းထန်စွာရွာသွန်းပြီး ချောင်းရေစီးနှင့်အတူ ၄ ဦးမျှောပါ ၂ ဦးသေဆုံးကာ ၂ ဦးပျောက်ဆုံးနေ

0
370

မကွေးတိုင်း၊ပခုက္ကူမြို့တွင် အောက်တိုဘာ ၈ ရက်နံနက်အစောပိုင်းက မိုးသည်းထန်စွာရွာသွန်းပြီး ဆင်ပေါက်လှချောင်းရေမြင့်တက်စီးဆင်းခဲ့မှု အောက်တိုဘာ ၈ ရက်(ယနေ့)နံနက်အစောပိုင်းက ဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်မှ သိရသည်။

ယနေ့နံနက်အစောပိုင်း ၃ နာရီခွဲခန့်က ပခုက္ကူမြို့တွင် မိုးသည်းထန်စွာရွာသွန်း၍ အမှတ်(၁၅)ရပ် ကွက်၊ဆင်ပေါက်လှ(၈)လမ်းရှိ ဆင်ပေါက်လှချောင်းရေမြင့်တက်စီးဆင်းခဲ့ရာ ချောင်းရေစီးနှင့်အတူ အမျိုးသား ၂ ဦးနှင့်အမျိုးသမီး ၂ ဦး(စုစုပေါင်း ၄ ဦး)တို့ မျောပါသွားခဲ့သည်။

ဖြစ်စဥ်အား သတင်းအရ ပခုက္ကူခရိုင်မီးသတ်စခန်းမှတပ်ဖွဲ့ဝင်များနှင့်လူမှုကူညီရေးအသင်းများက ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများဆောင် ရွက်ခဲ့ကြသဖြင့် နံနက် ၇ နာရီခွဲတွင် အမျိုးသား ၁ ဦးနှင့်အမျိုးသမီး ၁ ဦးတို့အား သေဆုံးလျက်ပြန်လည်ဆယ်ယူရရှိခဲ့သည်။

ထို့ပြင် ပျောက်ဆုံးလျက်ရှိသည့် အမျိုးသား ၁ ဦးနှင့်အမျိုးသမီး ၁ ဦးတို့ကိုလည်း ပြန်လည်တွေ့ရှိရန် ဆက်လက်ရှာဖွေမှုများပြုလုပ်လျက်ရှိသည်ဟု သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here