ရန်ကုန်တိုင်း ရွှေအသင်းမှ ရွှေ (၁၀) ပိဿာကို ပေါက် ဈေးထက် လျှော့ရောင်းပေးမည်၊ တစ်အိမ်ထောင်လျင် (၁) ကျပ်သားမှ (၁၀) သားအထိ ဝယ်ယူနိုင်

0
269

ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းမှ ရွှေပိဿာချိန် (၁၀) ပိဿာကို ပြင်ပပေါက်ဈေးထက် လျှော့ ချကာ ရောင်းချပေးသွားမည် ဖြစ်ကြောင်း သိရသည်။

အောက်တိုဘာလ (၁၂) ရက်တွင် ရန်ကုန်တိုင်း ဒေသကြီးရွှေလုပ်ငန်းရှင်များအသင်းရုံး၌ ရောင်းချပေးသွားမည်ဖြစ်ပြီး ဝယ်ယူမည့်သူများအနေဖြင့် မှတ်ပုံတင်နှင့် သန်း ခေါင်စာရင်း ယူဆောင်လာရန် လိုအပ်ကြောင်း ရန်ကုန်တိုင် ရွှေလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးမျိုးမြင့်က ပေါ် ပြူလာနယူး(စ်) သို့ ပြောသည်။

” မှတ်ပုံတင် ယူလာရမယ်။ အိမ်ထောင်စု ဇယားပါရမယ် ။ လူတစ်ယောက်ကို တစ်ပိုင်း ရောင်းပေးမယ်။ အိမ်တစ်အိမ်ကို ငါးယောက်လောက် လာဝယ်မှာကြောက်လို့ ” ဟု ဦးမျိုးမြင့်က ပြောသည်။

အဆိုပါ ရွှေရောင်းချသည့် အစီအစဉ်မှာ ဝန်ကြီးဌာန၏ အစီအစဉ်မဟုတ်ဘဲ ရန်ကုန်တိုင်းရွှေအသင်း အမှုဆောင်များက ထုတ်ရောင်းပေးခြင်း ဖြစ်ကြောင်းလည်း သိရသည်။

ဈေးနှုန်းအနေဖြင့် ‌လာမည့် အောက်တိုဘာလ (၁၂) ရက် ပြင်ပပေါက်ဈေးထက် လျှော့၍ ရောင်းရပေးသွားမည် ဖြစ်ပြီး ငွေလက်ငင်းပေးချေရမည် ဖြစ်ကြောင်းလည်း ၎င်းက ဆိုသည်။

” ဈေးနှုန်းက (၁၂) ရက်နေ့ ဗုဒ္ဓဟူးနေ့မှာ ပေါက်တဲ့ဈေးထက်လျှော့ပေးမယ် ။ ရွှေဈေးကျအောင်လို့ ဈေးနှုန်းတည်ငြိမ်အောင်လို့ လုပ်ပေးတာပေါ့” ဟု ဦးမျိုးမြင့်က ပြောသည်။

လာရောက် ဝယ်ယူသူများအနေဖြင့် တစ်ဦးလျင် (၁) ကျ ပ်သားမှ (၁၀) သားအထိ မိမိတတ်နိုင်သည့် ငွေပမာဏပေါ်မူတည်ကာ လွတ်လပ်စွာ ဝယ်ယူနိုင် သော်လည်း အိမ် ထောင်စု တစ်ခုလျင် တစ်ဦးသာ ဝယ်ယူခွင့် ပြုမည် ဖြစ် ကြောင်းလည်း သိရသည်။

ပြီးခဲ့သည့် အောက်တိုဘာ (၆) ရက်ကလည်း သယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနမှ ရွှေ (၃) ပိ ဿာ လေလံစနစ်ဖြင့် ရောင်းချပေးခဲ့ပြီး တစ်ပိဿာလျင် သိန်း ၂၅၀၀ ဝန်းကျင်ဖြင့် တစ်ဦးတည်း လေလံအောင်ခဲ့ကြောင်း သိရသည်။

ယမန်နေ့ကလည်း မန္တလေးတိုင်း ရွှေလုပ်ငန်းရှင်များအသ င်း က မန္တလေး မြို့တွင် ရွှေ (၇) ပိဿာကို အလားတူ ရောင်းချပေးခဲ့ပြီး တစ်ဦးလျင် (၁၀) သားအထိ ဝယ်ယူခွင့် ပြုခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here