ထိုင်းနိုင်ငံမှလူသတ်သမားအား နယ်​ကျော် သင်္ဂြိုလ်လိုက်ရ

0
451

ကိုယ်တိုင်အပါအဝင် ၃၈ ဦး သေဆုံး​စေခဲ့​သော ရဲဟောင်းလူသတ်သမား Panya Kamrab ၏ ရုပ်အလောင်းကို ဘာသာရေး အခမ်းအနားဖြင့်မီးသဂြိုလ်ဖို့ ​ကျောင်းတ​ကျောင်းကငြင်းခဲ့​သော​ကြောင့် အလောင်းကို စနေနေ့ မနက်ပိုင်းက ဆေးရုံကို ပြန်ပို့ခဲ့ရသည်။ 

ရင်ခွဲကြည့်ရာတွင်လည်း မူးယစ်ဆေးဝါးသုံးထား​ကြောင်း သဲလွန်စ မတွေ့ရှိသဖြင့် အာဏာပိုင်များ သည် အလောင်းကို ဒုတိယအကြိမ် ခွဲစိပ်စစ်​ဆေးမှု ပြုလုပ်နိုင်သည်ဟု သတင်းရင်းမြစ် တစ်ခုက ဆိုသည်။

ရဲဟောင်း Nong Bua Lamphu၏ အ​လောင်းကို Udon Thani ပြည်နယ်ရှိ ဘုရားကျောင်းတစ်ခုတွင် စနေနေ့မွန်းလွဲပိုင်းတွင် တိတ်တဆိတ် မြန်မြန်ဆန်ဆန် မီးသဂြိုလ်လိုက်ရသည်။

Nong Bua Lamphu ပြည်နယ်ရှိ ဘုန်းတော်ကြီးကျောင်းများကသဂြိုလ်​ပေးရန် ငြင်းဆိုထားသောကြောင့် အလောင်းကို အခြားပြည်နယ်သို့ သယ်ဆောင်သွားရကြောင်း၊ ဘုရားကျောင်းရှိဒေသခံများ ဒေါသထွက်မည်ကို စိုးရိမ်သောကြောင့် ၎င်း၏အမည်ကို လျှို့ဝှက်ထားသော်လည်းမရဘဲ နောက်ဆုံးတွင် အလောင်းကို အခြားပြည်နယ်သို့ သယ်ဆောင်သွားလိုက်ရသည်။

လူသတ်သမား၏ မိခင်သည် ကုသိုလ်ကောင်းမှု ပြုလုပ်ခဲ့ပြီး သား၏ဝိညာဉ်သည် ကောင်းရာမွန်ရာသို့ သွားရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။

 “ငါ့သားလေး ကောင်းတဲ့ဘုံကို​ရောက်ပါ​စေ။ ​နောက်တဖန်မွေးဖွားလာရင်လည်း သူတပါးကို မသတ်ပါနဲ့” ဟုဆိုသည်။ သူ့သားနဲ့ ​ စကားမပြောဖြစ်ခဲ့တာကိုလည်းဝမ်းနည်း​နေခဲ့သည်။

Source: Khaosod


LEAVE A REPLY

Please enter your comment!
Please enter your name here