ကိုယ်တိုင်အပါအဝင် ၃၈ ဦး သေဆုံးစေခဲ့သော ရဲဟောင်းလူသတ်သမား Panya Kamrab ၏ ရုပ်အလောင်းကို ဘာသာရေး အခမ်းအနားဖြင့်မီးသဂြိုလ်ဖို့ ကျောင်းတကျောင်းကငြင်းခဲ့သောကြောင့် အလောင်းကို စနေနေ့ မနက်ပိုင်းက ဆေးရုံကို ပြန်ပို့ခဲ့ရသည်။
ရင်ခွဲကြည့်ရာတွင်လည်း မူးယစ်ဆေးဝါးသုံးထားကြောင်း သဲလွန်စ မတွေ့ရှိသဖြင့် အာဏာပိုင်များ သည် အလောင်းကို ဒုတိယအကြိမ် ခွဲစိပ်စစ်ဆေးမှု ပြုလုပ်နိုင်သည်ဟု သတင်းရင်းမြစ် တစ်ခုက ဆိုသည်။
ရဲဟောင်း Nong Bua Lamphu၏ အလောင်းကို Udon Thani ပြည်နယ်ရှိ ဘုရားကျောင်းတစ်ခုတွင် စနေနေ့မွန်းလွဲပိုင်းတွင် တိတ်တဆိတ် မြန်မြန်ဆန်ဆန် မီးသဂြိုလ်လိုက်ရသည်။
Nong Bua Lamphu ပြည်နယ်ရှိ ဘုန်းတော်ကြီးကျောင်းများကသဂြိုလ်ပေးရန် ငြင်းဆိုထားသောကြောင့် အလောင်းကို အခြားပြည်နယ်သို့ သယ်ဆောင်သွားရကြောင်း၊ ဘုရားကျောင်းရှိဒေသခံများ ဒေါသထွက်မည်ကို စိုးရိမ်သောကြောင့် ၎င်း၏အမည်ကို လျှို့ဝှက်ထားသော်လည်းမရဘဲ နောက်ဆုံးတွင် အလောင်းကို အခြားပြည်နယ်သို့ သယ်ဆောင်သွားလိုက်ရသည်။
လူသတ်သမား၏ မိခင်သည် ကုသိုလ်ကောင်းမှု ပြုလုပ်ခဲ့ပြီး သား၏ဝိညာဉ်သည် ကောင်းရာမွန်ရာသို့ သွားရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။
“ငါ့သားလေး ကောင်းတဲ့ဘုံကိုရောက်ပါစေ။ နောက်တဖန်မွေးဖွားလာရင်လည်း သူတပါးကို မသတ်ပါနဲ့” ဟုဆိုသည်။ သူ့သားနဲ့ စကားမပြောဖြစ်ခဲ့တာကိုလည်းဝမ်းနည်းနေခဲ့သည်။
Source: Khaosod