တာချီလိတ်မြို့ရှိ ရပ်ကွက် ၆ ခုတွင်တက်နေသည့်ရေများပြန်လည်ကျဆင်းလာ

0
250

ရှမ်းပြည်နယ်၊တာချီလိတ်မြို့တွင် အောက်တိုဘာ ၇ ရက်ညနက်ပိုင်းက မိုးသည်းထန်စွာရွာသွန်း၍ မယ်ဆိုင်ချောင်းရေမြင့်တက်ကာ ရပ်ကွက် ၆ ခုအတွင်း၌ ရေများဝင်ရောက်ခဲ့သည်။

ရေဝင်ရောက်မှုသည် အောက်တိုဘာ ၈ ရက်နံနက်ပိုင်းအထိ ပြန်လည်ကျဆင်းခဲ့ခြင်းမရှိခဲ့ဘဲ မွန်းတည့် ၁၂ နာရီခန့်တွင်မှ ရေများပြန်လည်ကျဆင်းလာခဲ့သည်ဟု သိရသည်။

ရေများပြန်လည်ကျဆင်းလာခဲ့သဖြင့် နေအိမ်များအတွင်းနှင့်လမ်းများပေါ်၌ တင်ကျန်ခဲ့သည့် ရွှံနွံများ၊နှုန်းများ၊အမှိုက်များအား ရှင်းလင်းဖယ်ရှားရန် ရပ်ကွက်အလိုက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထို့ပြင် နေအိမ်များအတွင်းရေဝင်ရောက်မှုကြောင့် ဘေးလွတ်ရာသို့ယာယီရွှေ့ပြောင်းပေးခဲ့ရသည့် အိမ်ထောင်စုများကိုလည်း ၎င်းတို၏နေအိမ်များသို့ပြန်လည်ရွှေ့ပြောင်းပေးလျက်ရှိသည်။

တာချီလိတ်မြို့ရှိ ပုန်းထွန်၊ တာလော့၊ မကာဟိုခမ်း၊ ဆန်ဆိုင်း(က)(ခ)၊ မယ်ခေါင်ရပ်ကွက်တို့နှင့်ဗိုလ်ချုပ်အောင်ဆန်းလမ်းမကြီးပေါ်တို့တွင် ရေဝင်ရောက်မှုများ၊ရေကျော်မှုများဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here