တရုတ်နိုင်ငံသည် ၂၀၂၃ ရေနံစိမ်းတင်သွင်းမှုခွဲတမ်း ပထမအသုတ်အားထုတ်ပြန်

0
249

စင်္ကာပူ၊အောက်တိုဘာ ၈

တရုတ်နိုင်ငံသည် ၂၀၂၃ ခုနှစ်အတွက် ရေနံစိမ်းတင်သွင်းမှု ခွဲတမ်းပထမအသုတ်ကိုထုတ်ပြန်ခဲ့သည်ဟု အဆိုပါကိစ္စနှင့် နီးစပ်သည့် သတင်းရင်းမြစ်လေးခုက စနေနေ့ကပြောကြားခဲ့သည်။

ထုတ်ပေးသည့်ပမာဏမှာ တန်ချိန်သန်း ၂၀ (စည် ၁၄၆ သန်း) ခန့်ရှိပြီး ထုတ်လုပ်မှုမြှင့်တင်ရန် ရေနံချက်စက်ရုံများကို အားပေးသည့်အနေဖြင့် ထုတ်ပြန်ချက်အား ပုံမှန်ထက်သုံးလခန့်စောပြီးထုတ်ပြန်ခဲ့သည်ဟု သတင်းရင်းမြစ်တစ်ဦးကပြောကြားခဲ့သည်။

တရုတ်နိုင်ငံ၏ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနသည် အဆိုပါကိစ္စနှင့်ပတ်သက်၍ ဖက်စ်ဖြင့် မှတ်ချက်ပေးရန် တောင်းဆိုခြင်းကို ချက်ချင်းတုံ့ပြန်ခြင်းမရှိခဲ့ပေ။

ခွဲတမ်းအတွက် ဝယ်လိုအားသည် ရေနံချက် ဘောဂဗေဒအပေါ် မူတည်လိမ့်မည် ဟု ရေနံချက်လုပ်ငန်းတွင် ပါဝင်သည့် အကြီးတန်းအမှုဆောင်တစ်ဦးက ပြောသည်။

“အမြတ်အစွန်းက အားရစရာမဟုတ်လို့ ရေနံချက်သူတွေအနေနဲ့ လာမယ့်နှစ်မှာ ခွဲတမ်းအသစ်ကို ဝယ်မဝယ်ရွေးချယ်နိုင်ပါသေးတယ်။ဒါကြောင့် ရေနံစိမ်းဈေးကွက်အပေါ် သက်ရောက်မှုကအားပျော့သွားနိုင်ပါတယ်” ဟုလည်း ၎င်းကဆိုသည်။

ပြီးခဲ့သည့်လက ပေကျင်းသည် ၂၀၂၂ ခုနှစ်အတွက် အစိုးရ မဟုတ်သော လုပ်ငန်းရှင်များအတွက်  သွင်းကုန်ခွဲတမ်းကို ယခုနှစ်တွင်တန်ချိန် ၁၆၄ ဒသမ ၆၁ သန်းအထိ တိုးမြှင့်ထားသည့် တတိယအသုတ်ခွဲတမ်းကိုလည်း ထုတ်ပြန်ခဲ့သည်။

Source : Reuters


LEAVE A REPLY

Please enter your comment!
Please enter your name here