တာချီလိတ် ရွှေတိဂုံဘုရားတွင်သီတင်း ကျွတ်လပြည့်နေ့(ယနေ့)ည၌ ဆီမီး ၁၀၀၀၀ ထွန်းညှိပူဇော်မည်

0
601

ရှမ်းပြည်နယ်၊တာချီလိတ်မြို့၊မကာဟိုခမ်းရပ် ကွက်ရှိ ရွှေတိဂုံဘုရားစေတီတော်ရင်ပြင်တော်၌ အောက်တိုဘာ ၉ ရက်(ယနေ့-သီတင်းကျွတ်လပြည့်)ညတွင် ဆီမီး ၁၀၀၀၀ ထွန်းညှိပူဇော်သွားမည်ဖြစ်သည်။

ထို့ပြင် လာရောက်ထွန်းညှိပူဇော်သူများနှင့်လာရောက်ဘုရားဖူးမြှော်သူများအား အလှူရှင်များက စတုဒိသာများကျွေးမွေးလှူဒါန်းသွားမည်ဖြစ် ကြောင်း သိရသည်။

အောက်တိုဘာ ၈ ရက်(သီတင်းကျွတ်အဖိတ်နေ့) ကလည်း ရွှေတိဂုံဘုရားစေတီတော်ရင်ပြင်တော်ပေါ်၌ ဆီမီး ၉၀၀၀ ထွန်းညှိပူဇော်ခဲ့ပြီး နံနက်ပိုင်းကလည်း စေတီတော်ရင်ပြင်တော်ပေါ်ရှိ ဓမ္မာရုံပေါ်တွင် တတိယအကြိမ်မြောက် အသံမစဲမဟာပဌာန်းရွတ်ဖတ်ပူဇော်ပွဲပြုလုပ်ခဲ့သည်။

ဆီမီး ၉၀၀၀ ထွန်းညှိပူဇော်ခြင်းအား စစ်ဗျူဟာ အခြေချ(တာချီလိတ်)မှ ဗိုလ်မှူးကြီးမင်းမင်းထွန်း၊တာချီလိတ်ခရိုင်၊မြို့နယ် အုပ်ချုပ်ရေးမှူးများ၊မြို့နယ်ရဲတပ်ဖွဲ့မှူး၊အလှူရှင်များနှင့်ဘုရားဖူးလာသူများက ထွန်းညှိပူဇော်ခဲ့ကြသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here