ယမန်နေ့ အဖိတ်နေ့ နံနက်ပိုင်းက ရန်ကုန်တိုငွးရှိ မြို့နယ်အလိုက် ထွေအုပ်ဝန်ထမ်းများ၊မြို့နယ်အလိုက် စည်ပင်ဝန်ထမ်း များက သက်ဆိုင်ရာ မြို့နယ်ရှိ ရက်ကွက်နေပြည်သူများ၊အသင်းအဖွဲ့များနှင့်အတူ စုပေါင်းကာ ဘုန်းကြီးကျောင်းအချို့နှင့်စာသင်ကျောင်း အား သန့်ရှင်းရေး လုပ်အားပေးရင်း အဖိတ်နေ့ကုသိုလ်ယူခဲ့ကြသည်။
စမ်းချောင်းမြို့နယ်၊သီရိမင်္ဂလာလမ်း၊ အောင်ချမ်းသာရပ်ကွက်၊ ကံမြင့်ဘုန်းတော်ကြီးကျောင်းဝင်းတွင် ပူးပေါင်းအင်အား(၈၇)ဦးဖြင့် စုပေါင်းလုပ်အားပေးဆောင်ရွက်ခဲ့ကြသလိုအင်းစိန်မြို့နယ်၊စဥ့်ငူရပ်ကွက်၊ မိုးကုတ်ဝိပဿနာကျောင်းတိုက်ဝင်းအတွင်း ရပ်ကွက်နေပြည်သူများ၊လူမှုရေးအသင်းအဖွဲ့များ ပူးပေါင်းအင်အား(၅၀)ဦးဖြင့်စုပေါင်းလုပ်အားပေးဆောင်ရွက်ခဲ့ကြသည်။
ကမာရွတ်မြို့နယ်၊(၁)ရပ်ကွက်၊အောင်မြေသာစည်လမ်းရှိ အောင်မြေသာစည်ကျောင်းတိုက်တွင် အင်အား(၅၉)ဦးဖြင့် လည်းကောင်း
ကြည့်မြင်တိုင်မြို့နယ်၊ဘောဂရပ်ကွက်၊ဗားကရာလမ်း၊အထက(၁)ကျောင်းဝင်းအတွင်း သန့်ရှင်းသာယာသပ်ရပ်ရေးအတွက် ဝန်ထမ်းများနှင့်မြို့နယ်နေပြည်သူများပူးပေါင်းအင်အား(၈၅) ဦးဖြင့်လည်းကောင်း၊ ဒလမြို့နယ်သန့်ရှင်းသာယာသပ်ရပ်ရေးအတွက် ဗိုလ်ရန်ပြေရပ်ကွက်၊မင်းရဲကျော်စွာလမ်းတွင် စည်ပင်ဝန်ထမ်းပူးပေါင်းအင်အား(၁၆)ဦးဖြင့်လည်းကောင်း စုပေါင်းလုပ်အားပေးဆောင်ရွက်ကြသည်။
ထို့သို့လုပ်အားပေးရာတွင်မြက်ပင်ချုံနွယ်များရှင်းလင်းခြင်း၊သစ်ပင်အုပ်မိုးကိုင်းများခုတ်ထွင်ရှင်းလင်းခြင်း၊ရေမြောင်းအတွင်းရှိအမှိုက်နှင့်နုန်းများဆယ်ယူရှင်းလင်းခြင်း၊စေတီတော်ရင်ပြင်နှင့်ကျောင်းတိုက်ကြမ်းခင်းများတံမြက်စည်းလှဲခြင်း၊ ကျောင်းဝင်းအတွင်းအပြင်သန့်ရှင်းရေးပြုလုပ်ခြင်းများကို သီတင်းကျွတ်လပြည့်အဖိတ်နေ့ကုသိုလ်အဖြစ်စုပေါင်းလုပ်အားပေးဆောင်ရွက်ခဲ့ကြသည်သည်။ရေမြောင်းရှင်းခြင်းအပြင်သွေးလွန် တုပ်ကွေးရောဂါကြိုတင်ကာကွယ်နှိမ်နင်းရေးအတွက်ခြင်ဆေးမှုတ်ခြင်း၊အဘိတ်ဆေးခတ်ခြင်း၊ဖုံး သွန် လဲ စစ် ပြုလုပ်ခြင်းတို့ကိုပါ လုပ်ဆောင်ပေးခဲ့ကြသည်။