ရွှေတိဂုံစေတီတော်စေတီတော်မြတ်ကြီး၌ သီ တင်းကျွတ်လပြည့်(အဘိဓမ္မာအခါတော်နေ့)၊ဝါတွင်းသီလခံယူပွဲနှင့်ဗုဒ္ဓပူဇနိယပွဲတော်အောင်ပွဲရေစက်ချ

0
194

ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့မှကြီးမှူး၍ အောက်တိုဘာ ၉ ရက်(သီတင်းကျွတ် လပြည့်-အဘိဓမ္မာအခါတော်နေ့)နံနက်ပိုင်းက အ ဘိဓမ္မာအခါတော်နေ့၊ဝါတွင်းသီလခံယူပွဲနှင့်ဗုဒ္ဓပူဇနိယပွဲတော်များအောင်ပွဲရေစက်ချမင်္ဂလာအ ခမ်းအနားကို ရင်ပြင်တော်တောင်ဘက် ရှေး ဟောင်းဗုဒ္ဓရုပ်ပွားတော်များတန်ဆောင်း၌ကျင်းပရာ ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးစိုးသိန်းတက်ရောက်ခဲ့သည်။

ယနေ့နံနက် ၆ နာရီအချိန်တွင် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ဝင်များ၊ဗုဒ္ဓဝေယျာဝစ္စအသင်းအဖွဲ့များ၊ဝန်ထမ်းများက ရွှေတိဂုံစေတီတော်မြတ်ကြီးအား အရုဏ်ဆွမ်းတော်ကြီးကပ်လှူပူဇော်ခဲ့ကြပြီး အဘိဓမ္မာအခါတော်နေ့ဆိုင်ရာ သိမှတ်ဖွယ်ရာအ မေးအဖြေများပြုလုပ်ခြင်း၊မဟာပဋ္ဌာန်းဒေသနာ တော်များရွတ်ဆိုပူဇော်ခြင်းနှင့်မေတ္တာဘာ၀နာပွားခြင်းများ ပြုလုပ်ခဲ့ကြသည်။

ဝါတွင်းသီလခံယူပွဲနှင့်ဗုဒ္ဓပူဇနိယပွဲတော်များအောင်ပွဲရေစက်ချအခမ်းအနားကိုလည်း နံနက် ၉ နာရီခွဲ၌ဆက်လက်ကျင်းပရာ ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့၏ ဩဝါဒါစရိယဆရာတော်ကြီးများကြွရောက်တော်မူခဲ့ကြသည်။

ရန်ကုန်တိုင်းအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးစိုးသိန်းနှင့်ဧည့်ပရိသတ်များက ဘဏ္ဍာတော်ထိန်းဂေါပကအ ဖွဲ့၏ ဩဝါဒါစရိယ၊တိပိဋက ဓမ္မဘဏ္ဍာဂါရိက၊အဂ္ဂမဟာပဏ္ဍိတ၊ သ.အ.စ ဓမ္မာစရိယ ပါဠိပါရဂူ၊တိပိဋကဓရ တိပိဋကကောဝိဒရွေးချယ်ရေးအဖွဲ့ ဩဝါဒါစရိယ၊ဗဟန်းမြို့နယ် မဟာဝိသုဒ္ဓါရုံကျောင်းတိုက်၏ ပဓာန နာယကဆရာတော် ဘဒ္ဒန္တသိရိန္ဒာဘိဝံသ(ယောဆရာတော်)ထံမှ နဝင်္ဂသီ လခံယူဆောက်တည်ခဲ့ကြသည်။

ထို့နောက် ကြွရောက်တော်မူလာကြသည့် ဆရာ တော်၊သံဃာတော်များအား ရန်ကုန်တိုင်းဝန်ကြီး ချုပ်နှင့်တာဝန်ရှိသူများက လှူဖွယ်ဝတ္ထုပစ္စည်းများဆက်ကပ်လှူဒါန်းပြီးနောက်အနုမောဒနာတရားနာကြား၍ ရေစက်သွန်ချအမျှပေးဝေခဲ့ကြသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here