ချောင်းသာနှင့်ငွေဆောင်ကမ်းခြေတို့တွင် လာရောက်အပန်းဖြေသူများနှင့်စည်ကားလျက်ရှိ

0
796

ဧရာဝတီတိုင်းရှိ ချောင်းသာကမ်းခြေနှင့်ငွေဆောင်ကမ်းခြေတို့တွင် အောက်တိုဘာ ၉ ရက် (သီတင်းကျွတ်လပြည့်နေ့)နံနက်ပိုင်းမှစတင်ကာ အနယ်နယ်အရပ်ရပ်မှ နေ့ချင်းပြန်လာရောက်လည်ပတ်ရေကစားသူများ၊တည်းခိုနေထိုင်ပြီးလည်ပတ်ရေကစားသူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။

လာရောက်လည်ပတ်သူများ စိတ်အေးချမ်းပျော်ရွှင်စွာအနားယူနိုင်ရန်၊လုံခြုံမှုရှိစေရန်၊ကမ်းခြေသန့်ရှင်းသာယာလှပရန်၊ကမ်းခြေတွင်စျေးရောင်း ချသည့်စျေးသည်များ သတ်မှတ်စည်းကမ်းများနှင့်အညီရောင်းချစေရန်၊ယာဥ်ကြောပိတ်ဆို့မှုမဖြစ်စေရန်တို့အတွက်လည်း တာဝန်ရှိသူများက ကြပ် မတ်ဆောင်ရွက်ပေးလျက်ရှိသည်။

လာရောက်လည်ပတ်သူများသည် ဖိုးကလားကျွန်း၊သဲဖြူကျွန်းတို့သို့လည်း စက်လှေ၊မော် တော်ဘုတ်များ၊ ကျောက်မောင်နှစ်မသို့ ကား၊သုံးဘီးဆိုင်ကယ်၊ဆိုင်ကယ်များဖြင့် လည်ပတ်မှုများလည်းရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here