ကွာလာလမ်ပူမြို့ရှိ စားသောက်ဆိုင်တစ်ခု၌ မြန်မာနိုင်ငံသားအချင်းချင်း လည်ပင်းအားဓားဖြင့်လှီးပြီးထွက်ပြေး

0
316

မလေးရှားနိုင်ငံ၊ကွာလာလမ်ပူမြို့ရှိ စားသောက် ဆိုင်တစ်ခု၌ အလုပ်လုပ်ကိုင်နေသည့် မြန်မာနိုင်ငံသားအချင်းချင်း လည်ပင်းအားဓားဖြင့်လှီးပြီးထွက်ပြေးခဲ့မှု အောက်တိုဘာ ၈ ရက်နံနက်အစောပိုင်းက ဖြစ်ပွားခဲ့ကြောင်း နှလုံးလှပရဟိတလူ ငယ်များသွေးလှူရှင်အဖွဲ့(ကွာလာလမ်ပူ-မလေးရှား)မှ သိရသည်။

ယင်းနေ့နံနက်အစောပိုင်း ၅ နာရီခန့်က ကွာလာလမ်ပူမြို့ရှိ စားသောက်ဆိုင်တစ်ခု၌ ပြီးခဲ့သည့် ၂ ရက်ခန့်က စကားများထားသည့် မြန်မာနိုင်ငံသား ၂ ဦးအနက် အမျိုးသား ၁ ဦးမှ အိပ်ပျော်နေသည့် အမျိုးသား၏လည်ပင်အား ဓားဖြင့်လှီးခဲ့ကြောင်း သိရသည်။

သတင်းအရ နှလုံးလှပရဟိတလူငယ်များသွေးလှူရှင်အဖွဲ့(ကွာလာလမ်ပူ-မလေးရှား)မှ သွားရောက်ကူညီရာ ဓားဖြင့်လှီးခံရသည့် အမျိုးသားသည် မလေးရှားနိုင်ငံ၌ နေထိုင်ခွင့်သက်သေခံကတ်မရှိသဖြင့် အခက်အခဲများဖြစ်ပေါ်နိုင်၍ တာဝန်ရှိသူတစ်ဦးမှ ဆိုင်မန်နေဂျာနှင့်တွေ့ဆုံညှိနှိုင်းကာ မိ သားစုဆရာဝန်နှင့်ဒဏ်ရာအား ချုပ်ပေးရန်ပြော ဆိုခဲ့ရာ ဓားဒဏ်ရာမှာမများသဖြင့် ဆရာဝန်မှချုပ်ပေးခဲ့ကြောင်း သိရသည်။

ဖြစ်စဥ်၌ ဓားဖြင့်လှီးခဲ့သည့် မြန်မာနိုင်ငံသားသည် အခင်းဖြစ်ပွားခဲ့သည့် နေရာမှထွက်ပြေးတိမ်းရှောင်သွားခဲ့ကြောင်း နှလုံးလှပရဟိတလူ ငယ်များသွေးလှူရှင်အဖွဲ့(ကွာလာလမ်ပူ-မလေးရှား)မှ သိရသည်။

Photo-နှလုံးလှပရဟိတလူငယ်များသွေးလှူရှင်အဖွဲ့(ကွာလာလမ်ပူ-မလေးရှား)


LEAVE A REPLY

Please enter your comment!
Please enter your name here