ရုရှား-မြန်မာ နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးစွာပိုမိုပူး ပေါင်းဆောင်ရွက်လျက်ရှိ၍ နှစ်နိုင်ငံချစ်ကြည်မှုနှင့်အတူ ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်

0
175

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီးဒေါက်တာဌေးအောင်က အောက် တိုဘာ ၈ ရက်တွင် အင်းယားလိတ် ဟိုတယ်၌ ပြုလုပ်ခဲ့သည့် ဧည့်လမ်းညွှန်(အခြေခံ)သင်တန်းဖွင့်ပွဲနှင့်ရုရှားဘာသာစကားသင်တန်းဆင်းပွဲအ ခမ်းအနားတွင်ပြောကြားခဲ့ခြင်းဖြစ်သည်။

ယခု အခမ်းအနားကျင်းပသည့် အင်းယားလိတ် ဟိုတယ်သည် ရုရှား-မြန်မာ ချစ်ကြည်ရေးအ တွက် သမိုင်းအမွေအနှစ်တစ်ခုဖြစ်ကာ လက်ရှိတွင် ရုရှားနိုင်ငံနှင့်နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးစွာ ပိုမိုပူးပေါင်းဆောင်ရွက်လျက်ရှိသည်ဟု ပြော သည်။

“နှစ်နိုင်ငံ ချစ်ကြည်မှုနဲ့အတူ ခရီးသွားလုပ်ငန်းတွေလည်း ဖွံ့ဖြိုးတိုးတက်လာမှာဖြစ်ပါတယ်”ဟု ပြည်ထောင်စုဝန်ကြီးဒေါက်တာဌေးအောင်ကပြောသည်။

ခရီးသွားလာရေးလုပ်ငန်းတွင် ရုရှား-မြန်မာ နှစ်နိုင်ငံမြှင့်တင်ရေးဆတက်ထမ်းပိုးဆောင်ရွက်နိုင်မည်ကို ယုံကြည်ကာ မကြာမီ ရုရှားနိုင်ငံသားများ မြန်မာနိုင်ငံ၏ အထင်ကရနေရာများသို့ လာရောက်ကြမည်ဖြစ်ပြီး မြန်မာနိုင်ငံကို အထူးကြိုက်နှစ်သက်ကြမည်ကို ယုံကြည်သည်ဟု မြန် မာနိုင်ငံဆိုင်ရာ ရု ရှားနိုင်ငံသံအမတ်ကြီးဒေါက် တာ နစ်ကိုလေးလစ်တိုပါဒေါ့ဖ်ကလည်း ပြောကြားခဲ့သည်။

ထို့ပြင် ပြည်ထောင်စုဝန်ကြီးဒေါက်တာဌေးအောင်မှ အင်းယားလိတ်ဟိုတယ်၌ နိုင်ငံခြားရင်းနှီးမြှုပ် နှံမှုဟိုတယ်များမှ တာဝန်ရှိသူများအား နံနက်ပိုင်းက တွေ့ဆုံစဥ် ဧပြီ ၁၇ ရက်မှစ၍ နိုင်ငံတကာ လေ ကြောင်းလိုင်းများကို ဖွင့်လှစ်ပေးခဲ့ပြီး e-business visa ၊ e-tourist visa များကို ခွင့်ပြုပေးခဲ့သဖြင့် နိုင်ငံပေါင်း ၇၉ နိုင်ငံမှ နိုင်ငံတကာခရီးသွားများ ဝင်ရောက်နေပြီဖြစ်သည်ဟု ပြော သည်။

“သက်ဆိုင်ရာနိုင်ငံအသီးသီးက မြန်မာနိုင်ငံဆိုင် ရာ သံရုံးတွေမှာ e-Visa နဲ့လျှောက်ထားနိုင်ဖို့ ခွင့်ပြုထားပါတယ် နိုင်ငံတော်က ရုရှားနိုင်ငံနဲ့အာဆီယံအဖွဲ့ဝင် ၈ နိုင်ငံကို ဗီဇာကင်းလွတ်ခွင့်ပြုထားပါတယ်”ဟု ပြည်ထောင်စုဝန်ကြီးကပြောသည်။

ထို့ကြောင့် ခရီးသွားလုပ်ငန်းများ ပုံမှန်လည်ပတ်လာချိန်တွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဟိုတယ်များအပြင် နိုင်ငံသားပိုင်ဟိုတယ်၊တည်းခိုရိပ်သာများနှင့်ဆက်စပ်ခရီးသွားလုပ်ငန်းများပါ အကျိုးဖြစ် ထွန်းလာမည်ဖြစ်၍ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဟို တယ်များအားလုံး ပူးပေါင်းပါဝင်ဆောင်ရွက်ကြစေလိုသည်ဟု ပြောကြားခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here