ဂျာမဏီတွင် ကိုဗစ်ကပ်ရောဂါဖြစ်စကဝယ်ယူထားသော  နှာခေါင်းစည်း သန်း ၈၀၀ နီးပါးကို မီးရှို့ပစ်တော့မည်

0
456

ခွဲစိတ်ခန်းသုံး နှာခေါင်းစည်း ပေါင်း သန်း ၇၃၀ ခန့် နှင့်သက်တမ်းကုန်ဆုံးနေသော FFP-2  နှာခေါင်းစည်း သန်း ၆၀ ခန့် မီးရိူ့စွန့်ပစ်ရန် ကျန်းမာရေးဝန်ကြီးဌာနက ​အောက်တိုဘာ ၇ရက်နေ့တွင်တင်ဒါခေါ်ယူခဲ့သည်။ ထို့အပြင် ၂၀၂၀ခုနှစ် မတ်လကတည်းက ဝယ်ယူခဲ့သည့် နှာခေါင်းစည်းများ၏ ၂၀ ရာခိုင်နှုန်းခန့်မှာ ချွတ်ယွင်းချက်ရှိနေကြောင်း ဝန်ကြီးဌာနက ပြောကြားခဲ့သည်။

Spiegel ၏အဆိုအရ ဂျာမဏီသည် ကပ်ရောဂါစတင်ချိန်တွင် နှာခေါင်းစည်းများအတွက် ယူရို ၆ ဘီလီယံသုံးစွဲခဲ့သည်။ ကျန်းမာရေးဝန်ကြီးဟောင်း Jens Spahn သည် ပုဂ္ဂိုလ်ရေးချိတ်ဆက်မှုများဖြင့် အာဏာအလွဲသုံး၍အလွန်အကျွံဝယ်ယူခဲ့ခြင်းအတွက် ဝေဖန်ခံခဲ့ရသည်။

Ref: Bloomberg Businessweek


LEAVE A REPLY

Please enter your comment!
Please enter your name here