ပြည့်တန်ဆာအဖြစ်ခိုင်းစေ၍ ငွေကြေးအကျိုး အမြတ်ရယူခဲ့သူများအား လူကုန်ကူးမှုဖြင့် အ လုပ်နှင့်ထောင်ဒဏ် ၁၀ နှစ်စီချမှတ်ခဲ့

0
326

နေပြည်တော်၊ဇေယျာသီရိခရိုင်တရားရုံးမှ အောက်တိုဘာ ၆ ရက်တွင် ပြည့်တန်ဆာအဖြစ်ခိုင်းစေ၍ ငွေကြေးအကျိုးအမြတ်ခေါင်းပုံဖြတ်ရယူခဲ့သူ ၂ ဦးအား လူကုန်ကူးမှုဖြင့် အလုပ်နှင့်ထောင်ဒဏ် ၁၀ နှစ်စီချမှတ်ခဲ့သည်။

ပြစ်မှုကျူးလွန်သူများဖြစ်သည့် မမိုးမိုးထွေး(ခ) အငယ်လေး(ခ)ကတုံးမနှင့်မရီရီလွင်(ခ)မလွင်တို့ အား လူကုန်ကူးမှုတားဆီးကာကွယ်ရေးဥပဒေပုဒ်မ ၂၄ အရ အလုပ်နှင့်ထောင်ဒဏ် ၁၀ နှစ်စီကျခံရန် အမိန့်ချမှတ်ခဲ့ပြီး ပြစ်မှုကျူးလွန်ရာတွင်ပါ ဝင်ပြီး ထွက်ပြေးတိမ်းရှောင်နေသည့် မစန်းစန်းနွယ်(ခ)ဒေါ်တုတ်အား ရာဇဝတ်ကြီးကျင့်ထုံးဥပ ဒေပုဒ်မ ၈၇/၈၈ အရ တရားခံပြေးအဖြစ်သတ် မှတ်ခဲ့သည်။ 

၎င်းတို့သည် နေပြည်တော်၊ပုဗ္ဗသီရိမြို့နယ်၊သုခဒီပရပ်ကွက်နေ အသက်(၁၈)နှစ်အရွယ်ရှိ အမျိုး သမီးငယ်တစ်ဦးအား တပ်ကုန်းမြို့နယ်ခုတင် (၁၀၀၀)စစ်ဆေးရုံ၌ အဘွားအိုတစ်ဦးအား ပြုစုရမည်/အဝတ်လျှော်ပေးရမည် တစ်လလျှင် စရိတ် ငြိမ်း တစ်သိန်းရှစ်သောင်းကျပ်ရမည်ဟု ပြောဆိုစည်းရုံးခဲ့ကြသည်။

ထို့နောက် တပ်ကုန်းမြို့နယ်၊သပြေချောင်းကျေး ရွာသို့ ပို့ဆောင်၍ ပြည့်တန်ဆာအဖြစ် အတင်းအ ဓမ္မခိုင်းစေပြီး ငွေကြေးအကျိုးအမြတ်များခေါင်း ပုံဖြတ်ရယူခဲ့ကြသည်။

ထို့ကြောင့် ထုံးဖိုမြို့မရဲစခန်းက(ပ) ၇၉/၂၀၂၁၊လူကုန်ကူးမှုတားဆီးကာကွယ်ရေးဥပဒေပုဒ်မ ၂၄/၃၂ ဖြင့်အမှုဖွင့်အရေးယူကာ ဇေယျာသီရိခရိုင်တရားရုံးသို့ တရားစွဲတင်ပို့ခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here