လျှပ်စစ် ဓာတ်အားခ ၂၀၀ ဘီလီယံရရှိရန်ကျန်

0
413

လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ််ငန်းမှ ၁၂/၂၀၂၀ လမှ ၈/၂၀၂၂ လအထိ တောင်းခံငွေကျပ်ဘီလီယံ ၁၃၂၂ ဒသမ ၅၈၂ ရှိသည့်အနက် ကောက်ခံရရှိငွေသည် ကျပ်ဘီလီယံ ၁၁၀၀ ဒသမ ၇၇၀ ရှိပြီး ရရှိရန်ကျန်သည့် လျှပ်စစ်ဓာတ်အားခကြွေးကျန်မှာ ၂၂၁ ဒသမ ၈၁၂ ဘီလီယံရှိကြောင်း သိရသည်။

ထိုသို့ ကျန်ရှိခြင်းမှာ ကချင်ပြည်နယ်၊ကယား ပြည်နယ်၊ကရင်ပြည်နယ်၊ချင်းပြည်နယ်၊မွန်ပြည် နယ်၊စစ်ကိုင်းတိုင်းနှင့်မကွေးတိုင်းတို့ရှိ အချို့ကျေးရွာများရှိ အဖွဲ့အစည်းအမျိုးမျိုးမှ ဌာနဝန် ထမ်းများအား စာ၊ဖုန်း၊လက်နက်တို့ဖြင့်ခြိမ်း ခြောက်ခြင်း၊မီတာဖတ်စာရေးများအား ကျေးရွာအတွင်းသို့ အဝင်မခံခြင်း၊အချို့ကျေးရွာများတွင် မီတာခပေးဆောင်ရန် ငွေကြေးကောက်ခံစု ဆောင်းထားသော်လည်း လာရောက်ကောက်ခံခြင်းမရှိခြင်းတို့ကြောင့်ဖြစ်သည်ဟု သိရသည်။

ထို့ကြောင့် လျှပ်စစ်ဓာတ်အားခပေးသွင်းမည့်ကျေးရွာများအနေဖြင့် မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ၊မြို့နယ်လျှပ်စစ်မှူးရုံးများရှိ ငွေကောက်ကောင်တာများသို့ သွားရောက်ပေးဆောင်ရမည်ဖြစ်ကာ ဌာနမှသွားရောက်ကောက်ခံ၍မရသဖြင့် ကျေးရွာမီးလင်းရေးကော်မတီများမှ ဓာတ်အားခများကိုစုစည်း၍ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံးများသို့ ပေးဆောင်နိုင်ကြောင်း သိရသည်။

ကျေးရွာမီးလင်းရေးကော်မတီများမှ မြန်မာ့စီး ပွားရေးဘဏ်တွင် ဘဏ်စာရင်းဖွင့်လှစ်ထားပါက Account Transfer ၊ ပုဂ္ဂလိကဘဏ်တွင် ဘဏ်စာရင်းဖွင့်လှစ်ထားပါက CBM Net တို့အားအသုံး ပြု၍ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံးများသို့ လျှပ်စစ်ဓာတ်အားခလွှဲပြောင်းပေးသွင်းနိုင်သည်။

ကျေးရွာ၊အုပ်ချုပ်ရေးအဖွဲ့အစည်းများ၏ အကူ အညီဖြင့်လည်း ဓာတ်အားခများကို မြို့နယ် လျှပ် စစ်အင်ဂျင်နီယာရုံးများသို့ ပေးဆောင်နိုင်ကာ MOF တစ်ခုခုဖြင့်လည်း မီတာဖတ်၍ ကျေးရွာများမှ လျှပ်စစ်ဓာတ်အားခကို လာရောက်ပေးသွင်းနိုင်သည်။

ထို့ပြင် လျှပ်စစ်မီးဖြတ်တောက်ရာတွင် နယ်မြေစိုးမိုးမှုရှိသည့် ကျေးရွာများပါ ပြတ်တောက်သွားနိုင်ကာ ယင်းအခြေအနေအား ဆန့်ကျင်ဘက်အဖွဲ့အစည်းများမှ အခွင့်ကောင်းယူမှုမရှိစေရန် လျှပ် စစ်ဓာတ်အားခပေးဆောင်ခြင်းမရှိသည့် ကျေးရွာများအား လျှပ်စစ်ဓာတ်အားဖြတ်တောက်ပါကလုံခြုံရေးအပြည့်အဝရယူဆောင်ရွက်သွားမည်ဖြစ်သည်။

ထိုသို့ ဆောင်ရွက်ရာ၌ ထရန်စဖော်မာမှ Connection ဖြုတ်ခြင်း၊ 11 kV လိုင်းမှ Feeder အလိုက် Jumper ခွာခြင်း၊လျှပ်စစ်ဓာတ်အားဖြတ်တောက်မည့်ကျေးရွာ၊ရပ်ကွက်တွင် အရေး ကြီးနေရာများ ရှိ/မရှိ စစ်ဆေးသွားမည်ဖြစ်သည်။

ထို့ပြင် မြို့နယ်/ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့များနှင့် မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ၊ခရိုင်လျှပ်စစ် အင်လဂျင်နီယာများညှိနှိုင်းဆောင်ရွက်၍ လုံခြုံရေးစိတ်မချရသည့် ကျေးရွာများသို့ ဝန်ထမ်းများအား မီတာဖတ်ခြင်း၊ မီတာဘီလ်ဝေခြင်းများမပြုလုပ်ဘဲ မီးလင်းရေးကော်မတီအား ဆောင်ရွက်စေမည်ဖြစ်သည်။

သတ်မှတ်ရက်ကျော်လွန်သည်အထိ ဓာတ်အားခလာရောက်ပေးသွင်းခြင်းမရှိပါက Main မှမီးပိတ်ခြင်း၊ Jumper ခွာခြင်း၊ 11 ဖီဒါအလိုက်ထရန်စဖော်မာအလိုက် လျှပ်စစ်ဓာတ်အားပိတ်ခြင်း၊နယ် မြေစိုးမိုးမှုရှိသည့် အနီးဝန်းကျင်ကျေးရွာများ လျှပ်စစ်ဓာတ်အားမပြတ်တောက်စေရန် အခြားနည်းလမ်းဖြင့်ဓာတ်အားပေးနိုင်ရေး စီစဉ်ဆောင် ရွက်သွားမည်ဖြစ်သည်။

နယ်မြေစိုးမိုးမှုရှိသည့် အနီးဝန်းကျင်ကျေးရွာများအား လုံခြုံရေးအပြည့်အဝပေး၍ ဆန့်ကျင်ဘက်အဖွဲ့အစည်းများက အခွင့်ကောင်းယူမှုမရှိစေရန် နှောင့်ယှက်သူများအား ရှာဖွေဖမ်းဆီး၍ ဥပဒေအရအရေးယူသွားမည်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here