အရွယ်မရောက်သေးသူများ ပါဝင်သော ဟောင်ကောင်လူငယ် ငါးဦးအား နိုင်ငံတော် လုံခြုံရေးဆိုင်ရာ ပြစ်မှုဖြင့် စီရင်ချက်ချမှတ်

0
286

အုပ်ချုပ်သူ တရုတ်အစိုးရထံမှ လွတ်လပ်ရေး တောင်းဆိုရန် အားပေးအားမြောက်ပြုခဲ့သော ဟောင်ကောင်အဖွဲ့မှ ဆယ်ကျော်သက်ငါးဦးအား နိုင်ငံတော်လုံခြုံရေးဆိုင်ရာ ပြစ်မှုထဲမှ လက်နက်ကိုင်တော်လှန်ရန် တွန်းအားပေးသည်ဟူသော အမှုဖြင့် ပြုပြင်ထိန်းသိမ်းရေးစခန်းတွင် သုံးနှစ်အထိ ထိန်းသိမ်းထားရန် အောက်တိုဘာလ ၈ ရက် စနေနေ့တွင် တရားသူကြီးက အမိန့်ချခဲ့သည်။

အသက် ၁၅ နှစ်မှ ၁၈ နှစ်ကြားရှိ ဥပဒေအရ အရွယ်မရောက်သေးသော လူငယ်များ ပါဝင်သည့် အဆိုပါ ဆယ်ကျော်သက်ငါးဦးကို ”ရဲရဲရင့်ရင့် ပြန်လာခြင်း” ဟု အမည်ပေးထားသည့် အဖွဲ့မှတဆင့် နိုင်ငံတော်အာဏာကို ဖြိုခွင်းရန် လှုံဆော်ခဲ့မှုဖြင့် အပြစ်ရှိကြောင်း တွေ့ရှိခဲ့သည်။

ထိုအဖွဲ့မှ အသက် ၂၁ နှစ် နှင့် ၂၆ နှစ် အရွယ် လူငယ်နှစ်ဦးကိုမူ လာမည့်ရက်များ၌ စီရင်ချက် ချမှတ်သွားမည် ဖြစ်သည်။

တရုတ်အစိုးရကဟောင်ကောင်အပေါ်် နိုင်ငံတော်လုံခြုံရေးဆိုင်ရာ ဥပဒေအား ပြဌာန်းလိုက်ပြီးနောက် တရားခံများသည် တယ်လီဖုန်းရုံကဲ့သို့သော ရုံများ၊ အင်စတာဂရမ်နှင့် ဖေ့စ်ဘွတ်ခ်ပေါ်တွင် တော်လှန်ရေး စတင်ရန် မည်ကဲ့သို့ အားပေးအားမြောက်ပြုခဲ့ပုံကို တရားသူကြီး ကွက်ခ်ဝေကင်က အသေးစိတ်ဖော်ပြခဲ့သည်။

ကွက်ခ်က ထိုကဲသို့ လှုံဆော်မှုမှာ အလွန်ကြီးလေးသော ပြစ်မှုဖြစ်သော်လည်း တရားခံများ၏ အသက်အရွယ်ကို ငဲ့ငြာသော အနေဖြင့် ထောင်အစား လူငယ်များအတွက် ဖွင့်လှစ်ထားသော ပြုပြင်ထိန်းသိမ်းရေးစခန်းတွင်သာ ထိန်းသိမ်းထားရန် စီရင်ချက်ချခဲ့သည်ဟု ဆိုသည်။

ထိန်းသိမ်းရေးစခန်း၌အများဆုံး သုံးနှစ်နေထိုင်ရန် သတ်မှတ်ထားသော်လည်း ၎င်းတို့၏ အပြုအမှု အပေါ် မူတည်၍ ပြုပြင်ရေးစခန်းရှိ အာဏာပိုင်များက အတိုးအလျော့ ပြုလုပ်သွားမည် ဖြစ်သည်။

Source: CNN


LEAVE A REPLY

Please enter your comment!
Please enter your name here