ပြင်ဦးလွင်မြို့နယ်ရှိ မန္တလေး-ပြင်ဦးလွင်-လားရှိုးသွားကားလမ်းတွင် ကုန်စိမ်းတင်လာသည့် ဟိုင်းလပ်ကားလမ်းဘေးသစ်ပင်ဝင်တိုက် ကားမောင်းသူသေဆုံး

0
428

မန္တလေးတိုင်း၊ပြင်ဦးလွင်မြို့နယ်ရှိ မန္တလေး-ပြင်ဦးလွင်-လားရှိုးသွားကားလမ်းတွင် အောက်တို ဘာ ၁၀ ရက်(ယနေ့)နံနက်ပိုင်းက ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း တုသိတာလူမှုကူညီ‌ ရေးအသင်းမှ သိရသည်။

ယနေ့နံနက် ၆ နာရီကျော်ခန့်က အနီးစခန်းအုပ်စုရှိ EPC ရုံးရှေ့ရှိ မန္တလေး-ပြင်ဦးလွင်-လားရှိုးသွားကားလမ်းအတိုင်း မန္တလေးဘက်မှပြင်ဦးလွင်ဘက်သို့ ကားမောင်းသူအပါအဝင် ၄ ဦးလိုက်ပါလာသည့် ကုန်စိမ်းများတင်ဆောင်ထားသည့် ဟိုင်းလပ်ကားသည် လမ်းဘေးသစ်ပင်အားဝင်တိုက်မိခဲ့သည်။

“ဘယ်လိုကြောင့်တိုက်တယ်ဆိုတာတော့ ကျွန် တော်တို့လည်းမသိဘူး သစ်ပင်ကိုတိုက်ထားတဲ့အခြေအနေကတော့ တော်တော်ဆိုးတယ် ကားပျက်စီးတာလည်းများတယ်”ဟု တုသိတာလူမှုကူညီရေးအသင်း၏ တာဝန်ရှိသူတစ်ဦးကပြော သည်။

ဖြစ်စဥ်ကြောင့် ကားမောင်းသူမှာ ထိခိုက်ဒဏ်ရာများရရှိ၍ အခင်းဖြစ်နေရာ၌သေဆုံးသွားခဲ့ပြီး ၂ ဦးမှာလည်း ထိခိုက်ဒဏ်ရာများရရှိခဲ့ကာ ၁ ဦးသာထိခိုက်ဒဏ်ရာရရှိခဲ့ခြင်းမရှိကြောင်း သိရသည်။

ထို့ကြောင့် ထိခိုက်ဒဏ်ရာရသူ ၂ ဦးနှင့်သေဆုံးသူ၏ ရုပ်အလောင်းတို့အား တုသိတာလူမှုကူညီရေးအသင်း၏ လူနာတင်ကားများဖြင့် ပြင်ဦးလွင်မြို့ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

Photo-တုသိတာလူမှုကူညီရေးအသင်း


LEAVE A REPLY

Please enter your comment!
Please enter your name here