CNNက ထိုင်းမူကြိုကလေးငယ်များ သတ်ဖြတ်ခံရခြင်း မှုခင်းမြင်ကွင်းကို ခွင့်ပြုချက်မရှိဘဲ ရိုက်ကူးခဲ့ပြီးနောက် တောင်းပန်ခဲ့ရ

0
282

CNN ဂျာနယ်လစ်နှစ်ဦးသည်ခရီးသွားဗီဇာဖြင့် ထိုင်းသို့ဝင်ရောက်ပြီးနောက်နိုင်ငံအတွင်း အလုပ်လုပ်ခဲ့ကြောင်း  အာဏာပိုင်များက တွေ့ရှိပြီးနောက် ဒဏ်ငွေရိုက်ခံခဲ့ရသည်။၎င်းတို့တစ်ဦးစီလျှင် ဒဏ်ငွေ ဘတ် ၅၀၀၀ (ဒေါ်လာ ၁၃၃) ပေးဆောင်ကြပြီး ထိုင်းနိုင်ငံမှ ထွက်ခွာသွားခဲ့ကြောင်း နှင့် ၎င်းတို့သည် မူကြိုကျောင်းအတွင်းသို့ ဝင်ရောက်မူအတွက် ဖြေရှင်းပြီးခဲ့ကြောင်း   ဒုတိယရဲချုပ် Suraachate Hakparn က တနင်္ဂနွေနေ့တွင် ပြောကြားခဲ့သည်။

CNN International ၏ အမှုဆောင်ဒုဥက္ကဋ္ဌနှင့် အထွေထွေမန်နေဂျာ Mike McCarthyကလည်း ” သတင်းထောက်များသည် မည်သည့်စည်းမျဉ်းကိုမှ ချိုးဖောက်ရန် မရည်ရွယ်ဘဲ အဆောက်အအုံအတွင်းသို့ ဝင်ရောက်ရန် ခွင့်ပြုချက်တောင်းခံခဲ့သည့်အဖွဲ့သည် ခွင့်ပြုချက်ပေးရန် အခွင့်အာဏာမရှိသူများဖြစ်ကြောင်း ကိုယခုနားလည်ပါပြီ။ထိုင်းရဲတပ်ဖွဲ့၏ အဆင်မပြေမှုတစ်စုံတစ်ရာအတွက်လည်းစိတ်မ​ကောင်းဖြစ်ရပါသည်။CNN က အဆိုပါ ရုပ်သံ ရိုက်ကူး ထုတ်လွှင့်ခြင်းကို ရပ်ဆိုင်းခဲ့ပြီး ဗီဒီယိုကို ၀က်ဘ်ဆိုက်မှ ဖယ်ရှားခဲ့ကြောင်း” ပြောကြားခဲ့သည်။

Ref: Aljazeera


LEAVE A REPLY

Please enter your comment!
Please enter your name here