ငဖဲမြို့နယ်တွင် မိန်းကလေးငယ် ၂ ဦးအား ထိုးသွင်းဒဏ်ရာများဖြင့်သေဆုံးနေသည်ကိုတွေ့ရှိခဲ့

0
388

မကွေးတိုင်း၊ငဖဲမြို့နယ်၊မြေလတ်ကျေးရွာရှိ တောထဲ၌ ထိုးသွင်းဒဏ်ရာများဖြင့် သေဆုံး‌နေသည့် မိန်းကလေးငယ် ၂ ဦး၏ ရုပ်အလောင်းများအား အောက်တိုဘာ ၉ ရက်ညပိုင်းက တွေ့ရှိခဲ့သည်ဟု သိရသည်။

ယင်းနေ့ည ၈ နာရီကျော်ခန့်က မြေလတ်ကျေးရွာအရှေ့ဘက်ရှိတောထဲ၌ မှိုရှာနေသည့် အမျိုးသား ၁ ဦးမှ ထိုးသွင်းဒဏ်ရာများဖြင့်ပုတ်ပွသေဆုံးနေသည့် မိန်းကလေးငယ် ၂ ဦး၏ရုပ်အလောင်းများတွေ့ရှိခဲ့သည်ဟု တာဝန်ရှိသူများထံဆက်သွယ်အကြောင်းကြားခဲ့သည်။

ထို့ကြောင့် တာဝန်ရှိသူများကသွားရောက်စစ်ဆေးရာ အသက်(၂၁)နှစ်ခန့်မိန်းကလေးအား မှောက်လျက်အနေအထားဖြင့် ထိုးသွင်းဒဏ်ရာများရရှိကာသေဆုံးနေပြီး အသက်(၁၄)နှစ်ခန့် မိန်းကလေးငယ်တစ်ဦးအား ပက်လက်အနေအ ထားဖြင့် ထိုးသွင်းဒဏ်ရာများရရှိကာသေဆုံးနေကြောင်း စစ်ဆေးတွေ့ရှိခဲ့ရသည်။

သေဆုံးနေသည့် မိန်းကလေးငယ် ၂ ဦးသည် ဘုံးဘောကျေးရွာအုပ်စု၊ဘုံးဘောကျေးရွာနေ မမိုင်ရွှေစင်ရဲ(ခ)မခင်ဝင်း(၂၁ နှစ်)နှင့်မမိုင်နောင်ပါလှ(၁၄ နှစ်)တို့ဖြစ်ကာ ၎င်းတို့ ၂ ဦးသည် ဂုတ်ကြီးကျေးရွာနေ မမိုင်နောင်ပါလှ ၏အဖိုးဖြစ်သူထံ လက်ဖက်ခြောက်ပို့ရန် အောက်တိုဘာလ ၆ ရက်ညနေ ၅ နာရီခန့်ကသွားရောက်ရာမှ ပြန်လည်ရောက်ရှိခြင်းမရှိဘဲ ပျောက်ဆုံးနေသူများဖြစ် ကြောင်း စုံစမ်းသိရှိခဲ့ရသည်။

ထို့ကြောင့် ပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိရေးအတွက် ပဒါန်းနယ်မြေရဲစခန်းက (ပ)၄၉/၂၀၂၂ ၊ ရာဇသတ်ကြီးဥပဒေပုဒ်မ -၃၀၂ ဖြင့် အမှုဖွင့်စုံ စမ်းလျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here