မလေးရှားနိုင်ငံသို့သွားရောက်မည့် မြန်မာနိုင်ငံသား ၁၅ ဦး ထိုင်းနိုင်ငံ၊ရနောင်းခရိုင်၌ ဖမ်းဆီးခံရ

0
270

ထိုင်းနိုင်ငံ၊ရနောင်းခရိုင်တွင် မလေးရှားနိုင်ငံသို့သွားရောက်၍ အလုပ်လုပ်ကိုင်မည့် မြန်မာနိုင်ငံသား ၁၅ ဦးအား အောက်တိုဘာ ၉ ရက်ညပိုင်းက ရနောင်းခရိုင်တာဝန်ရှိသူများက ဖမ်းဆီးခဲ့ကြကြောင်း သိရသည်။

ယင်းနေ့ည ၁၁ နာရီခန့်က ရနောင်းခရိုင်မှတာဝန်ရှိသူများသည် စုစမ်ရမ်မြို့၊နာခါကျေးရွာအနီးတွင် ဂိတ်ချစစ်ဆေးမှုပြုလုပ်စဥ် မင်္သကာသည့် ပစ်ကပ်ကားတစ်စီးအား တားဆီးစစ်ဆေးခဲ့ကြသည်။

အဆိုပါ ပစ်ကပ်ကားအား ထိုင်းနိုင်ငံသားတစ်ဦးမောင်းလာခြင်းဖြစ်ပြီး ကားအတွင်းစစ်ဆေးရာ တရားမဝင်ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား အမျိုးသား ၉ ဦးနှင့်အမျိုးသမီး ၆ ဦး(စုစုပေါင်း ၁၅ ဦး)အားဖမ်းဆီးရမိခဲ့သည်။

အသက်(၄၄)နှစ်အရွယ်ခန့်ရှိ ထိုင်းနိုင်ငံသား ကားမောင်းသူကိုလည်း ရနောင်းခရိုင်တာဝန်ရှိသူများက ဖမ်းဆီးခဲ့သည်ဟု သိရသည်။

ဖမ်းဆီးရမိသူများသည် ကော့သောင်းမြို့မှတဆင့် စက်လှေဖြင့် ရနောင်စခရိုင်သို့ဝင်ရောက်လာခြင်းဖြစ်ပြီး မလေးရှားနိုင်ငံသို့သွားရောက်အလုပ်လုပ်ကိုင်မည်ဖြစ်ကာ ပွဲစားခအဖြစ် တစ်ဦးလျင် ထိုင်ဘတ်ငွေ ၃၀၀၀၀ အထိပေးချေခဲ့ရကြောင်း စစ်ဆေးသိရှိခဲ့ရသည်။

ထို့ကြောင့် ဖမ်းဆီးရမိသူများအား ထိုင်းနိုင်ငံဥပ ဒေအရအရေးယူရန် ရနောင်းခရိုင်တာဝန်ရှိသူများက စုစမ်ရမ် ရဲစခန်းသို့ပို့ဆောင်ခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here