စစ်ပွဲများပြင်းထန်နေချိန်တွေ့ကြမည့် ပူတင်နှင့် UAE သမ္မတ

0
240

စစ်ပွဲများပြင်းထန်နေချိန်တွေ့ကြမည့် ပူတင်နှင့် UAE သမ္မတအာရပ်စော်ဘွားများ ပြည်ထောင်စုသမ္မတ ရှိတ် မိုဟာမက် ဘင် ဇေဒ် အယ် နဟန်သည် အင်္ဂါနေ့(ယနေ့)တွင် ရုရှားနိုင်ငံသို့ သွားရောက်မည်ဖြစ်ပြီး သမ္မတ ဗလာဒီမာပူတင်နှင့် တွေ့ဆုံမည်ဖြစ်ကြောင်း UAE နိုင်ငံပိုင် သတင်းအေဂျင်စီ WAM က ဖော်ပြသည်။

၎င်း၏ ခရီးစဉ်အတွင်း ယူအေအီးနှင့် ရုရှားကြား ချစ်ကြည်ရင်းနှီးသော ဆက်ဆံရေးအပြင် ဒေသတွင်းနှင့် နိုင်ငံတကာ ကိစ္စရပ်များနှင့် နှစ်ဦးနှစ်ဖက် အကျိုးရှိမည့် ဖြစ်ရပ်များကို ဆွေးနွေးမည်ဖြစ်ကြောင်း သတင်းတွင်ဖော်ပြထားသည်။

OPEC+ က အမေရိကန်​၏ဖိအားပေးမှုကို မနာခံသည့်အနေဖြင့်ရေနံထုတ်လုပ်မှုကို အင်တိုက်အားတိုက် ဖြတ်တောက်ဖို့ သဘောတူပြီးနောက် တစ်ပတ်မပြည့်ခင်မှာပင် ယခုခရီးစဉ်ကို ဖြစ်ပေါ်လာခြင်းဖြစ်သည်ဟုရိုက်တာသတင်းတွင်ဖော်ပြထားသည်။

OPEC ၏ ဆုံးဖြတ်ချက်သည် ဝါရှင်တန်နှင့် ပင်လယ်ကွေ့မဟာမိတ်များ(ရီအက်ဒ်နှင့် အဘူဒါဘီရှိ မဟာမိတ်)ကြား ဆက်ဆံရေးကို ပိုမိုတင်းမာစေသည်ဟု သတင်းရင်းမြစ်များက ပြောကြားထားသည်။

Ref:news.am


LEAVE A REPLY

Please enter your comment!
Please enter your name here