သာစည်မြို့နယ် မိတ္ထီလာ-တောင်ကြီးသွားကားလမ်းရှိ တံတားမြေသားများပျက်စီးနေမှုကို ယနေ့ ပြန်လည်ပြင်ဆင်

0
152

မန္တလေးတိုင်း၊သာစည်မြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ငှက်မင်းကုန်းကျေးရွာအနီးရှိ မိတ္ထီလာ-တောင်ကြီးသွားကားလမ်းပေါ်မှ တံ တားတစ်ခု၏ မြေသားများပျက်စီးခဲ့သည်။

အဆိုပါ တံတားသည် မိုင်တိုင်အမှတ် ၁၆/၅ နှင့် ၁၆/၆ ကြားရှိ တံတားအမှတ်(၄/၁၇)ဖြစ်ကာ တံ တားညာဘက်ခြမ်းရှိ မြေသားများရေတိုက်စား၍ ပျက်စီးမှုများဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။

ထို့ကြောင့် အောက်တိုဘာ ၁၁ ရက်(ယနေ့)နံနက် ၈ နာရီခန့်မှစတင်၍ သာစည်မြို့နယ်မီးသတ်စ ခန်းမှတပ်ဖွဲ့ဝင်များ၊အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊လူမှုကူညီရေးအသင်းများနှင့်တာဝန်ရှိသူများက ပြန်လည်ပြင်ဆင်ခဲ့ကြသည်။

လမ်းတာဘောင်အားကျောက်ကြီးစီခြင်းနှင့်ရေစီးလမ်းကြောင်းမွန်စေရန်တို့အား ဝိုင်းဝန်းပြုလုပ်ခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here