မွန်ပြည်သစ်မှ ခွဲထွက်ထားသည့် မွန်ငြိမ်းချမ်းကာကွယ် ရေးတပ်ဖွဲ့ တပ်မတော်နှင့် ပေါင်းကာ ဌာနေပြည်သူ့စစ်အဖြစ်ရပ်တည်မည်ဟု ပြောကြား

0
370

မွန်ပြည်သစ်ပါတီမှ ခွဲထွက်ထားသည့် မွန်ငြိမ်းချမ်းကာ ကွယ်ရေးတပ်ဖွဲ့သည် တပ်မတော်နှင့်ပေါင်းကာ ဌာနေပြည်သူ့စစ်အဖြစ် ဖွဲ့စည်းလိုက်ကြောင်း သိရသည်။

အောက်တိုဘာ (၁၀) ရက် က အဆိုပါအဖွဲ့၏ ထုတ်ပြန်ချက်တွင် ယခုလို့ အသိပေးပြောကြားခဲ့ခြင်း ဖြစ်သည်။

ယမန်နေ့က ကျရောက်သည့် လက်နက်ကိုင် လမ်းစဉ်စွန့်လွှတ်ခြင်း (၁၂) မြောက်နေ့တွင် ယခင် အဖွဲ့စစ်ဦးစီးချုပ် ဗိုလ်ချုပ်နိုင်ရှောင်၏ နေရာတွင် ဗိုလ်မှူးချုပ်နိုင်အောင်ထွန်းကို ပြောင်းလဲ တာဝန်ပေးကြောင်းလည်း မွန်ငြိမ်းချမ်းကာကွယ်ရေးတပ်ဖွဲ့က ကြေညာထားသည်။

” ငြိမ်းချမ်းရေးနှင့် အကြမ်းဖက် အန္တရာယ်ကာကွယ်ရန်အတွက် တပ်မတော်နှင့် လက်တွဲကာ ဌာနေပြည်သူ့စစ်အနေဖြင့် ပူးပေါင်း ဆောင်ရွက်ပါမည်” ဟု ၎င်းတို့၏ သဘောထားကို ပြောကြားထားသည်။

မွန်ငြိမ်းချမ်းကာကွယ်ရေးတပ်ဖွဲ့သည် မွန်ပြည်သစ်ပါတီမှ ခွဲထွက်ခဲ့သည်မှာ (၁၂) ရှိပြီဖြစ်ပြီး ယခင်ကတည်းကပင် တပ်မတော်နှင့်ပူးပေါင်းလုပ်ကိုင်နေသည့် အဖွဲ့တစ်ဖွဲ့ဖြစ်ကြောင်း မွန်ဒေသခံများက ပြောကြားသည်။

အဆိုပါ အဖွဲ့အနေဖြင့် အကြမ်းဖက် လုပ်ရပ်မှန်သမျှကို ပြတ်သားစွာ ကန့်ကွက်ရှုတ်ချကြောင်းနှင့် ပြည်သူလူထု ၏ လူမှုဘဝ အေးချမ်းတည်ငြိမ်ရေးအတွက် ကြိုးပမ်းဆောင်ရွက်သွားမည်ဟုလည်း ဆိုသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here