ကွန်ဟိန်းမြို့နယ်တွင် ကိုယ်ပိုင်ကားဖြင့်သယ်လာသည့် စိတ်ပြောင်းဆေးဝါးများဖမ်းမိ

0
132

ရှမ်းပြည်နယ်၊ကွန်ဟိန်းမြို့နယ်၊တာကော်တံတားပူးပေါင်းစစ်ဆေးရေးဂိတ်တွင် အောက်တိုဘာ ၉ ရက်ညနေပိုင်းက ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့မှသိရသည်။

ယင်းနေ့ညနေ ၅ နာရီ ၅၀ မိနစ်ခန့်က မူးယစ်ဆေး ဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၀င်များပါ၀င်သော ပူးပေါင်းအဖွဲ့သည် တာကော်တံတားပူးပေါင်းစစ် ဆေးရေးဂိတ်တွင် မိုင်ပျဉ်းမြို့ဘက်မှ ကာလိမြို့ဘက်သို့ ကျောက်လောက်စန်း(၂၉)နှစ်မောင်းကာ လီလောက်ဝူ(၂၅)နှစ်နှင့်ကျန်းကျီဟွာ(၃၅)နှစ်တို့ လိုက်လာသည့် ALPHARD ကားအား တားဆီးစစ် ဆေးခဲ့ကြသည်။

ကားပေါ်တွင် ၎င်းတို့ ၃ ဦးအတူတကွ သိုဝှက်သယ်ဆောင်လာသည့် ကက်တမင်း(၁ ကီလို)နှင့်အက်တက်စီဆေးပြား ၁၈၀၀ ပြားတို့အား ဖမ်း ဆီးရမိခဲ့သည်ဟု ရဲတပ်ဖွဲ့မှသိရသည်။

ထို့ကြောင့် ဖမ်းဆီးရမိသူ ၃ ဦးအား ကာလိနယ် မြေရဲစခန်းက မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်း လဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့်အရေးယူကာ စစ်ဆေးလျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here