ကင်မ်ဂျုံအန်သည် ဒုံးကျည် စမ်းသပ်ပစ်လွှတ်ရာ နေရာဟောင်းတွင် တည်ဆောက်ထားသော ဖန်လုံအိမ် စိုက်ပျိုးရေးခြံအသစ်အား ဂုဏ်ပြု

0
196

ဆိုးလ်၊ အောက်တိုဘာ ၁၁

မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန် သည် ပြီးခဲ့သည့်နှစ်အထိ ဒုံးကျည်စမ်းသပ်ပစ်ခတ်မှုများ ပြုလုပ်ခဲ့သော လေတပ်အခြေစိုက်စခန်းဟောင်းတွင် တည်ဆောက်လိုက်သည့် ကြီးမားသော ဖန်လုံအိမ် စိုက်ပျိုးရေးခြံအသစ် ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာက အောက်တိုဘာ ၁၁ ရက် အင်္ဂါနေ့တွင် ဖော်ပြခဲ့သည်။

အဆိုပါ ဖွင့်ပွဲအခမ်းအနားကို ဟမ်ဂျူ အရှေ့ပိုင်းခရိုင်ရှိ Ryonpho ဖန်လုံအိမ် စိုက်ပျိုးရေးခြံတွင် တနင်္လာနေ့ (မနေ့)က ကျင်းပခဲ့သည်။ ထိုအခမ်းအနားမှာ မြောက်ကိုရီးယား၏ အဓိကအားလပ်ရက်ဖြစ်သော အာဏာရ အလုပ်သမားပါတီ တည်ထောင်သည့် နှစ်ပတ်လည်နေ့ကို ဂုဏ်ပြုသည့်အနေဖြင့် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

မြောက်ကိုရီးယား၏ အာဏာရပါတီသည် Ryonpho လေတပ်အခြေစိုက်စခန်းအား အလိုအလျောက် စိုက်ပျိုးခြင်း နည်းစနစ်ကို အသုံးပြုသော စိုက်ပျိုးရေးခြံအဖြစ်သို့ ပြောင်းလဲပေးမည့် စီမံကိန်းကို ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလတွင် ထုတ်ဖော်ပြသခဲ့ပြီး ၎င်းပြည်သူတို့၏ ဘဝတိုးတက်စေရေးကို ကူညီထောက်ပံ့ပေးမည့် အဓိက ဦးစားပေးအလုပ်ဟု ခေါ်ဆိုခဲ့သည်။

မြောက်ကိုရီးယားသည် အထက်ပါ လေတပ်စခန်းအား မြောက်မြားစွာသော တာတိုပစ် ပဲ့ထိန်းဒုံးကျည်များ ပစ်လွှတ်ရာတွင် အသုံးပြုခဲ့သည်။

အဆိုပါခြံတွင် အိမ်ခြေ တစ်ထောင်ခန့်၊ စာသင်ကျောင်းများ၊ ယဉ်ကျေးမှုနှင့် ဝန်ဆောင်မှုဆိုင်ရာ အဆောက်အဦများနှင့် လိုက်လျောညီထွေဖြစ်စေရန်အတွက် ဧက ၆၉၀ ကျော် ကျယ်ဝန်းသည့် ခေတ်မီဖန်လုံအိမ် အဆောက်အအုံပေါင်း ၈၅၀ ကျော် တည်ဆောက်ထားကြောင်း ကေစီအင်န်အေ သတင်းဌာနက ဖော်ပြထားသည်။

ကင်မ်သည် ထောက်ပံ့ရေး အစားအစာဖြစ်သည့် ဟင်းသီးဟင်းရွက် အထွက်နှုန်း တိုရန် အဆိုပါ စိုက်ပျိုးရေးခြံ စီမံကိန်းကိုပြုလုပ်ခဲ့ခြင်း ဖြစ်ပြီး လအနည်းငယ်အတွင်း ပြီးမြောက်အောင် ဆောက်လုပ်နိုင်ခဲ့သည့် စစ်သားများနှင့် အလုပ်သမားများကိုလည်း ချီးကျူးခဲ့သည်ဟု ကေအန်စီအေက ဆိုသည်။

ပါတီသည် Ryonpho ဖန်လုံအိမ် စိုက်ပျိုးရေးခြံကို စံနမူနာတစ်ခု အနေဖြင့် ထားရှိကာ နိုင်ငံတစ်ဝန်း ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးကို ယုံကြည်မှုရှိရှိဖြင့် ပိုမိုအားစိုက်ကာ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ကင်မ်က အခမ်းအနားတွင် ပြောကြားခဲ့သည်။

Source: CNN


LEAVE A REPLY

Please enter your comment!
Please enter your name here