ယူကရိန်းနိုင်ငံတစ်ဝန်းကို ရုရှားရဲ့ မကြာသေးမီက ဗုံးကြဲတိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး G7 ခေါင်းဆောင်များဆွေးနွေးကြမည်

0
179

ယူကရိန်းနိုင်ငံတစ်ဝန်းကို ရုရှားရဲ့ မကြာသေးမီက ဗုံးကြဲတိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး အမေရိကန်နဲ့ တခြား G7 အင်အားကြီး နိုင်ငံတွေက ခေါင်းဆောင်တွေဟာ ဒီကနေ့ အင်္ဂါနေ့ (အောက်တိုဘာ ၁၁ ရက်) မှာ အရေးပေါ်ဆွေးနွေးမှုတွေ ပြုလုပ်တော့မှာ ဖြစ်ပါတယ်။

စစ်ပွဲကာလများအတွင်း ပထမဆုံးအကြိမ်အဖြစ် ယူကရိန်းမြို့တော် ကိယက်ဗ်ကို ရုရှားက ဒုံးကျည်တွေနဲ့ ပစ်ခတ်ပြီးနောက် တစ်ရက်အကြာမှာ ယူကရိန်းသမ္မတ Volodymyr Zelenskyy က ရုရှားအနေနဲ့သူ့ရဲ့နိုင်ငံကို ခြိမ်းခြောက်ခြင်းမပြုဖို့ သတိပေးခဲ့ပါတယ်။

ရုရှားနဲ့ ခရိုင်းမီးယားကျွန်းဆွယ်ကို ဆက်သွယ်ထားတဲ့ အဓိကတံတားတစ်စင်းပါ်မှာဖြစ်ပွားခဲ့တဲ့ ပေါက်ကွဲမှုကို လက်တုံ့ပြန်တဲ့ အနေနဲ့ ရုရှားတပ်ဖွဲတွေက တနင်္လာနေ့တွင် ယူကရိန်းနိုင်ငံတစ်ဝှမ်းရှိ မြို့တွေကို ဒုံးကျည် ၈၀ ကျော်နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ယူကရိန်းအစိုးရကပြောပါတယ်။

အဲဒီတိုက်ခိုက်မှုအပေါ် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတားရက်စ်က အကြီးအကျယ် ထိတ်လန့်တုန်လှုပ်မိကြောင်း ပြောကြားပါတယ်။

ရုရှားက ယူကရိန်းဒေသ လေးခုကို မိမိတို့ရဲ့နယ်မြေအဖြစ် ကြေငြာလိုက်တဲ့ ကုလသမဂ္ဂ အထွေထွေညီလာခံ အရေးပေါ်အစည်းအဝေးမှာလဲ ယူကရိန်းသံအမတ်ကြီး Sergiy Kyslytsya က ရုရှားနိုင်ငံကို အကြမ်းဖက်နိုင်ငံအဖြစ် တံဆိပ်ကပ်ပြောဆိုခဲ့ပါသေးတယ်။

Source: G7 leaders to hold crisis talks on Russia’s bombing blitz in Ukraine


LEAVE A REPLY

Please enter your comment!
Please enter your name here