မြန်မာနိုင်ငံတွင် တိုယိုတာမော်တော်ကား ထုတ်လုပ်မှု စတင်​လျှက်ရှိပြီးအမှာစာများလက်ခံ​နေ

0
490

တိုယိုတာမော်တာသည် မြန်မာနိုင်ငံ၊ ရန်ကုန်အနီးတွင် ၎င်း၏ တပ်ဆင် စက်ရုံကို စတင်လည်ပတ်နေပြီဟုသိရ​ကြောင်း Nikkei တွင် သတင်း​ဖော်ပြထားသည်။

သီလဝါ အထူးစီးပွားရေးဇုန်တွင် တည်ရှိသည့် အဆိုပါ စက်ရုံသည် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလတွင် စတင်လည်ပတ်ရန် စီစဉ်ထားခဲ့​သော်လည်း နိုင်ငံရေးနှင့် စီးပွားရေး ကမောက်ကမဖြစ်ခဲ့သော ​ကြောင့် ကြန့်ကြာခဲ့ရခြင်းဖြစ်သည်။

တိုယိုတာသည် ဩဂုတ်လနှောင်းပိုင်းတွင် စီးပွားလုပ်ငန်းများစတင်ရန် အထူးစီးပွားရေးဇုန်အာဏာပိုင်များထံ တင်ပြခဲ့သည်။ သတင်းရင်းမြစ်များအရ Hilux ပစ်ကပ်ထရပ်ကားကို တပ်ဆင်သည့် စက်ရုံသည် စက်တင်ဘာလတွင် အစမ်းသ​ဘော စတင်လည်ပတ်ခဲ့သည်။ လစဉ် ထုတ်လုပ်မှုသည် ဒါဇင်အနည်းငယ်သာ ရှိ​နေဦးမည်ဟု မျှော်လင့်ရသည်။

မြန်မာနိုင်ငံရှိ တိုယိုတာ အရောင်းကိုယ်စားလှယ်များသည် ကားအမှာစာများကိုယခု​အောက်တိုဘာလဆန်းမှစ၍ စတင်လက်ခံနေပြီဖြစ်သည်။

Nikkei မှ အရောင်းကိုယ်စားလှယ်တစ်ဦးကို​ဆက်သွယ်မေးမြန်းရာတွင် ထုတ်လုပ်မှုကန့်သတ်ထားသောကြောင့် ကားရနိုင်မည့်ရက်အတိအကျကို အာမမခံနိုင်​သေးကြောင်း ပြောကြားခဲ့သည်။

၂၀၁၉ ခုနှစ် မေလတွင် ကြေညာခဲ့သည့် မူလအစီအစဉ်အရ Toyota သည် တစ်နှစ်လျှင် Hilux ပစ်ကပ် အစီးရေ ၂၅၀၀ ထုတ်လုပ်ရန် အတွက်စက်ရုံတွင် ဒေါ်လာ ၅၂.၆သန်း ရင်းနှီးမြှုပ်နှံမည်ဖြစ်သည်။

မြန်မာနိုင်ငံရှိToyota ကို Toyota မှ ၈၅ ရာခိုင်နှုန်းနှင့် Toyota Tsusho မှ ၁၅ ရာခိုင်နှုန်း ပိုင်ဆိုင်ထားသည်။

ဇန်နဝါရီမှ ဩဂုတ်လအတွင်း မြန်မာနိုင်ငံတွင် မော်တော်ယာဥ်ရောင်းချမှုမှာ အစီးရေ ၆၅၀၀ ရှိခဲ့ပြီး အာဏာထိမ်းမှုမတိုင်မီကထက် ထက်ဝက်ကျော် လျော့နည်းခဲ့သည်။ ထိုသို့အရောင်းပါးနေရခြင်း၏အ​ကြောင်းများထဲကတခုမှာ နိုင်ငံခြားအရန်ငွေများပြည်ပသို့ထွက်မူကို ဟန့်တားရန်အတွက် အစိုးရက မော်တော်ယာဥ် တင်သွင်းခြင်းအား ကန့်သတ်ထား​ခြင်း​ကြောင့်လည်းပါဝင်သည်။

Source : nikkeiasia


LEAVE A REPLY

Please enter your comment!
Please enter your name here