ယနေ့နံနက်ပိုင်းက ကျိုက်ထီးရိုးဘုရားရှိ ကင်ပွန်းချောင်တောက်တက်ကားဂိတ်အား လက်နက်ကိုင်အဖွဲ့ဝင်များက လက်နက်ကြီး၊သေနတ်များဖြင့်ပစ်ခတ်၍ ဘုရားဖူးပြည်သူ ၃ ဦးသေဆုံးကာ ၁၉ ဦးဒဏ်ရာရခဲ့ဟု နစက ထုတ်ပြန်

0
837

မွန်ပြည်နယ်၊ကျိုက်ထိုမြို့၊ကင်ပွန်းချောင်ကျေး ရွာရှိ ကင်ပွန်းချောင်တောင်တက်ကားဂိတ်အား လက်နက်ကိုင်အဖွဲ့ဝင်များက အောက်တိုဘာ ၁၂ ရက်(ယနေ့)နံနက်ပိုင်းတွင် လက်နက်ကြီး၊သေနတ်များဖြင့်ပစ်ခတ်ခဲ့သည်ဟု နစက မှထုတ်ပြန်ခဲ့သည်။

ယနေ့နံနက် ၁၀ နာရီခွဲခန့်က လက်နက်ကိုင်အဖွဲ့ဝင်များသည် ဆောင်နိုင်ကြီးကျေးရွာဘက်မှ ကားတစ်စီးဖြင့်ရောက်ရှိလာပြီးနောက် ကင်ပွန်းချောင်တောင်တက်ကားဂိတ်အား လက်နက်ကြီး၊သေ နတ်များဖြင့် ပစ်ခတ်ပြီးပြန်လည်မောင်းနှင်ထွက် ပြေးသွားခဲ့ကြသည်။

ပစ်ခတ်ခံရမှုကြောင့် ကျိုက်ထီးရိုးဘုရားဖူးလာသည့် အမျိုးသမီး ၃ ဦးသည် ထိမှန်ဒဏ်ရာများရရှိကာအခင်းဖြစ်နေရာ၌ သေဆုံးသွားခဲ့ပြီး ဘု ရားဖူး အမျိုးသား ၉ ဦးနှင့်အမျိုးသမီး ၁၀ ဦး (စုစုပေါင်း ၁၉ ဦး)တို့တွင်လည်း ထိမှန်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။

ထို့ကြောင့် ထိခိုက်ဒဏ်ရာရရှိသူများအား လူမှုကူညီရေးအသင်းကားများဖြင့် ကျိုက်ထိုမြို့ပြည်သူ့ဆေးရုံသို့ ဆေးကုသမှုခံယူရန် ပို့ဆောင်ခဲ့ကြသည်။

ပြစ်မှုကျူးလွန်သွားသူများအား အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေရာဇသတ်ကြီးနှင့်သက်ဆိုင်ရာ တည်ဆဲဥပဒေများဖြင့် ထိရောက်စွာ အရေးယူနိုင်ရန် လုံခြုံရေးတပ်ဖွဲ့ဝင်များက အကြမ်းဖက်ချေမှုန်းရေးဆောင်ရွက်မှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here