ကျိုက်ထီးရိုး ကင်ပွန်းချောင်တောင်တက်ကား ဂိတ်အား လက်နက်ကိုင်အဖွဲ့ဝင်များက ဝင်ရောက်ပစ်ခတ်ခြင်းကို ပြင်းထန်စွာကန့်ကွက်ရှုတ်ချဟု YMBA ထုတ်ပြန်

0
292

မွန်ပြည်နယ်၊ကျိုက်ထိုမြို့၊ကင်ပွန်းချောင်ကျေး ရွာရှိ ကင်ပွန်းချောင်တောင်တက်ကားဂိတ်အား လက်နက်ကိုင်အဖွဲ့ဝင်များက အောက်တိုဘာ ၁၂ ရက်(ယနေ့)နံနက် ၁၀ နာရီခွဲခန့်က လက်နက်ကြီး၊သေနတ်များဖြင့် ဝင်ရောက်ပစ်ခတ်ခြင်းနှင့်ပတ် သက်၍ လုံးဝလက်မခံဘဲ ပြင်းထန်စွာကန့်ကွက်ရှုတ်ချဟု ဗုဒ္ဓကလျာနယုဝအသင်း(YMBA)ရန် ကုန်တိုင်းဒေသကြီးက ထုတ်ပြန်ခဲ့သည်။

ကင်ပွန်းချောင်တောင်တက်ကားဂိတ်အား လက် နက်ကိုင်အဖွဲ့ဝင်များက လက်နက်ကြီး၊သေနတ်များဖြင့် ပစ်ခတ်ခဲ့၍ ဘုရားဖူးလာသည့် အပြစ်မဲ့အမျိုးသမီး ၃ ဦးသေဆုံးကာ ထိမှန်ဒဏ်ရာရရှိသူများလည်းရှိခဲ့သည့်အပေါ် လွန်စွာပင်စိတ်နှ လုံးမချမ်းမြေ့ဖြစ်ရသည်ဟု ထုတ်ပြန်ချက်၌ ရေးသားထားသည်။

ထို့ကြောင့် ဗုဒ္ဓဘာသာဘုရားစေတီများနှင့်အပြစ်မဲ့ဘုရားဖူးများအား ပစ်ခတ်တိုက်ခိုက်သည့် လူမဆန်သောအကြမ်းဖက်လုပ်ရပ်အား ဗုဒ္ဓဘာသာကလျာဏယုဝအသင်းကြီးက လုံးဝလက်မခံဘဲ ပြင်းထန်စွာကန့်ကွက်ရှုတ်ချသည်ဟု ထုတ်ပြန်ခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here