ခရိုင်းမီးယားတံတားပေါက်ကွဲမှုနှင့်ပတ်သက်၍ ရုရှား ၅ ဦးနှင့် နိုင်ငံခြားသား ၃ဦးကို ဖမ်းဆီး

0
205

ပြီးခဲ့သည့်စနေနေ့က ခရိုင်းမီးယားတံတားကို ပျက်စီးစေခဲ့သော ပေါက်ကွဲမှုနှင့်ပတ်သက်၍ ရုရှားနိုင်ငံသားငါးဦး၊ ယူကရိန်းနှင့် အာမေးနီးယားနိုင်ငံသား သုံးဦးကို ဖမ်းဆီးထားကြောင်း ရုရှားဖက်ဒရယ်လုံခြုံရေးဌာန (FSB) က ဗုဒ္ဓဟူးနေ့ (အောက်တိုဘာ ၁၂ ရက်) တွင် ပြောကြားသည်။

ယင်းတံတားအား ဖောက်ခွဲမှုကို ယူကရိန်းကာကွယ်ရေးဝန်ကြီးဌာန၏ ပင်မထောက်လှမ်းရေးညွှန်ကြားရေးမှူးရုံးနှင့် ၎င်း၏ဒါရိုက်တာ Kyrylo Budanov တို့က စီစဉ်ခြင်းဖြစ်ကြောင်း FSB က ပြောကြားခဲ့သည်။

ပေါက်ကွဲမှုတွင် ၎င်း၏ ပါဝင်ပတ်သက်မှုကို ယူကရိန်းနိုင်ငံက တရားဝင်ထုတ်ဖော်ပြောကြားခြင်းမရှိသော်လည်း အချို့သော ယူကရိန်း အရာရှိများက ယင်းဖေါက်ခွဲမှုကို ဂုဏ်ပြုခဲ့ကြသည်။

၁၂ မိုင်ရှည်လျားသော တံတားပေါ်မှ ပေါက်ကွဲမှုကြောင့် လမ်းတံတားအပိုင်းတစ်ပိုင်း ပျက်စီးခဲ့ပြီး လမ်းအသွားအလာ ခေတ္တရပ်တန့်သွားခဲ့သည်။

အဆိုပါတံတားကို ၂၀၁၈ ခုနှစ်တွင် ရုရှားသမ္မတ ဗလာဒီမာပူတင်မှ ကိုယ်တိုင်ကိုယ်ကျ ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး၊ စစ်ရေးလှုပ်ရှားမှုအတွက် ထောက်ပံ့ပို့ဆောင်ရေးတွင် အရေးပါလာခဲ့ကာ ယူကရိန်းတောင်ပိုင်းတွင် တိုက်ခိုက်နေသည့် ရုရှားတပ်ဖွဲ့များအတွက် ထောက်ပံ့ရေးပစ္စည်းများကို ယင်းတံတားမှ ဖြတ်သန်း၍ ပေးပို့ခဲ့ခြင်းဖြစ်သည်။

Source: Russia’s FSB arrests 8 people over Crimea Bridge blast


LEAVE A REPLY

Please enter your comment!
Please enter your name here