၂၀၂၃ ခုနှစ်တွင် စားနပ်ရိ က္ခာဖူလုံမှုပြဿနာ ပိုရှိနိုင်ဟုအင်ဒိုဘဏ္ဍာရေးဝန်ကြီးပြော

0
242

ဝါရှင်တန်၊အောက်တိုဘာ ၁၂

G–20 နိုင်ငံများ၏ စိုက်ပျိုးရေးနှင့်ဘဏ္ဍာရေးဝန်ကြီးများအားလုံးနီးပါးက စားနပ်ရိက္ခာမလုံလောက်မှုကိုဖြေရှင်းပေးရန် ကမ္ဘာ့ဘဏ်ကိုတောင်းဆိုရန် သဘောတူညီခဲ့ကြသည် ဟု ဝါရှင်တန်၌စတင်ကျင်းပသည့် ပူးတွဲအစည်းအဝေးအပြီးတွင် အင်ဒိုနီးရှားဘဏ္ဍာရေးဝန်ကြီး Sri Mulyani Indrawati က အင်္ဂါနေ့၌ပြောကြားခဲ့သည်။

အဆိုပါဖြေရှင်းချက်အစီအစဉ်သည် လက်ရှိလုပ်ဆောင်မှုများကို ခွဲခြမ်းစိတ်ဖြာ သုံးသပ်ပြီး ကွာဟချက်များကိုဖော်ထုတ်ရန် နည်းပညာကျွမ်းကျင်သူများနှင့် အခြားသက်ဆိုင်ရာအဖွဲ့အစည်းများအပေါ်၌ အရမှီတည်လိမ့်မည်ဟုလည်းဆိုခဲ့သည်။

ရုရှား-ယူကရိန်းစစ်ပွဲကြောင့် ဖြစ်ပေါ်လာသော စားနပ်ရိက္ခာမဖူလုံမှုနှင့် ဓာတ်မြေဩဇာပြတ်တောက်မှုများအပေါ် G– 20 အရာရှိများအနေဖြင့် အထူးစိုးရိမ်ပူပန်နေဆဲဖြစ်ကြောင်း ၎င်းကသတင်းထောက်များအားပြောကြားခဲ့သည်။

“ကျွန်မတို့က အခုဆိုရင် ဒီလိုစားနပ်ရိက္ခာမဖူလုံမှုပြဿနာ ပိုများလာနိုင်တဲ့ ၂၀၂၃ ခုနှစ်ဆိုတဲ့ အချိန်ကာလဆီကိုဦးတည်သွားနေပြီဖြစ်ပါတယ်” ဟုလည်း၎င်းကပြောကြားခဲ့သည်။

Source :Reuters


LEAVE A REPLY

Please enter your comment!
Please enter your name here