ဝါရှင်တန်ဒီစီမြို့တွင် အဇာဘိုင်ဂျန်သံရုံးပိုင် မော်တော်ယာဉ်တစ်စီး သေနတ်ဖြင့် ပစ်ခတ်ခြင်းခံရ

0
115

အမေရိကန်နိုင်ငံ၏ မြို့တော် ဝါရှင်တန်ဒီစီတွင် အဇာဘိုင်ဂျန်သံရုံးပိုင် မော်တော်ယာဉ်တစ်စီး သေနတ်ဖြင့် ပစ်ခတ်ခြင်းခံခဲ့ရကြောင်း အဇာဘိုင်ဂျန်နိုင်ငံခြားရေးဌာနက ယနေ့ ဗုဒ္ဓဟူးနေ့တွင်သတင်းထုတ်ပြန်ခဲ့သည်။

အောက်တိုဘာလ ၁၀ ရက်မှ ၁၁ ရက်သို့အကူး ညတွင် ဝါရှင်တန်ဒီစီရှိ အဇာဘိုင်ဂျန်သမ္မတနိုင်ငံသံရုံး၏ ဝန်ဆောင်မှုကားတစ်စီးကို သေနတ်ဖြင့် ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ “ဒီအဖြစ်အပျက်နဲ့ ပတ်သက်လို့ သက်ဆိုင်ရာ အမေရိကန်အေဂျင်စီတွေကို ချက်ချင်းအကြောင်းကြားခဲ့ပြီး ကင်မရာမှတ်တမ်းတွေကို လျော်ညီစွာ တင်ပြခဲ့ပါတယ်”ဟု ယင်းသတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“အောက်တိုဘာ ၁၂ ရက်မှာ အမေရိကန်နိုင်ငံခြားရေးဌာနက တာဝန်ရှိသူတွေကို ဆင့်ခေါ်ခဲ့ပြီး ဒီကိစ္စနဲ့ ပတ်သက်လို့ အလေးအနက် စိုးရိမ်ကြောင်းနဲ့ မကျေနပ်မှုတွေကို ထုတ်ဖော် ပြောကြားခဲ့ပြီး အဇာဘိုင်ဂျန်သံတမန်တွေရဲ့ ခရီးစဉ်တွေ လုံခြုံရေးအတွက် တောင်းဆိုခဲ့ပါတယ်” ဟုလည်းဆက်လက်ဖော်ပြထားသည်။

“နိုင်ငံခြားနိုင်ငံတွေရဲ့ သံတမန်ရေးရာ လုပ်ဆောင်မှုတွေနဲ့ပတ်သက်လို့ လုံခြုံရေးကို အာမခံဖို့က အိမ်ရှင်နိုင်ငံရဲ့ တာဝန်တစ်ခုပါ” ဟု လည်း အဇာဘိုင်ဂျန်သံရုံးကဆိုထားသည်။

“ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ ဖြစ်ရပ်တစ်ခုစီအတွက် သင့်လျော်တဲ့ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ဖို့ လိုအပ်ပြီး သံရုံးတွေနဲ့ သံတမန်တွေရဲ့ လုံခြုံရေးကို သေချာအောင်ဆောင်ရွက်ပေးဖို့ အလေးအနက်ပြောကြားထားပါတယ်” ဟု လည်း ထုတ်ပြန်ချက်တွင် ထည့်သွင်းဖော်ပြထားသည်။

Source: Azerbaijan says shots fired at embassy vehicle in Washington


LEAVE A REPLY

Please enter your comment!
Please enter your name here