လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၌ စုပေါင်းရုံးနှင့်ဝန်ထမ်းအိမ်ရာတည်ဆောက်ပြီးပါက ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများဆောင်ရွက်ရာတွင် One Stop Service (OSS)စနစ်ဖြင့် ဆောင်ရွက်မည်

0
340

လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်ရှိ ရန်ကုန်-ပုသိမ်လမ်းနှင့်ရန်ကုန်အနောက်ပိုင်းနည်းပညာတ က္ကသိုလ်လမ်းထောင့်၊အနော်ရထာစက်မှုဇုန်ရှေ့တွင် ရန်ကုန်မြို့တော်စည်ပင်၊အင်ဂျင်နီယာဌာန (အဆောက်အအုံ)၏ ကြီးကြပ်မှုဖြင့် စုပေါင်းရုံးနှင့်ဝန်ထမ်းအိမ်ရာအားတည်ဆောက်လျက်ရှိသည်။

ဧရာနဂါးကုမ္ပဏီနှင့်မောင်နှစ်မသုံးဖော်ကုမ္ပဏီတို့က မိတ်ဖက်ဆောက်လုပ်ရေးကုမ္ပဏီများနှင့်ပူး ပေါင်း၍ စု ပေါင်းရုံးများ၊ဝန်ထမ်းအိမ်ရာများ၊ဆေးခန်း၊အရောင်းဆိုင်များ၊အထွေထွေခန်းမနှင့်အများသုံးသန့်စင်ခန်းများပါဝင်သည့် အဆောက် အဦး ၄၈ လုံးအားတည်ဆောက်လျက်ရှိရာ ၁၇ လုံးပြီးစီးပြီဖြစ်ကြောင်း သိရသည်။

အဆိုပါ စုပေါင်းရုံးနှင့်ဝန်ထမ်းအိမ်ရာတည် ဆောက်ခြင်းဖြင့် လှိုင်သာယာ(အနောက်ပိုင်း)မြို့ နယ်နေသူများ၏ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများဆောင်ရွက်ရာတွင် One Stop Service(OSS) စနစ်ဖြင့် လျင်မြန်လွယ်ကူစွာဆောင်ရွက်ပေးနိုင်မည်ဖြစ်ကာ ထန်းတပင်မြို့နယ်၊သဲဖြူရေပေးရေးစခန်းမှ Nano Filtration System ဖြင့်သန့်စင်ပြီးသောက်သုံးရေများဖြန့်ဝေပေးသွားမည်ဖြစ် သည်။

ထိုသို့ တည်ဆောက်နေမှုအား ရန်ကုန်မြို့တော်ဝန်ဦးဗိုလ်ဌေးက အောက်တိုဘာ ၁၂ ရက်(ယနေ့) နံ နက်ပိုင်းကသွားရောက်၍ တည်ဆောက်ပြီးစီးသည့် ရေဂါလံ(၂)သိန်းဆံ့ရေစုကန်၊ရေတွန်းစက်၊ အဆောက်အဦးများ၊အိမ်ရာရှေ့ကွန်ကရိလမ်း၊ရေစုကန်ရေမြောင်းနှင့်မြေယာရှုခင်းဆောင်ရွက်ထားမှုများ၊ဆောက်လုပ်ဆဲအဆောက်အဦးများကိုကြည့်ရှုစစ်ဆေးခဲ့သည်။

ပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေးနှင့်သန့်ရှင်းသာ ယာသပ်ရပ်ရန်၊ရေစုကန်ရေမြောင်း၏ ကျန်ရှိသည့် မြေထိန်းနံရံတည်ဆောက်ရန်၊ရေထိန်းတံ ခါးတပ်ဆင်ရန်၊တည်ဆောက်ပြီးစီးသည့် အ ဆောက်အဦးများတွင် ရုံးနှင့်အိမ်ခန်းများနေရာချထားနိုင်ရေး စီမံဆောင်ရွက်ရန်နှင့်ဆောင်ရွက်ဆဲလုပ်ငန်းများအား သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ အချိန်မီပြီးစီးရေးဆောင်ရွက်ရန်တို့အား မှာကြားခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here