လက်နက်ကိုင်အဖွဲ့ဝင်များ၏ မိုင်းထောင်ဖောက်ခွဲဖျက်ဆီးမှုကြောင့် 66 KV , 230 KV , 132 KV ဓာတ်အားလိုင်းများ၏ တာဝါတိုင် ၆၄ တိုင်ပျက် စီးခဲ့ဟု နစက ထုတ်ပြန်

0
459

လက်နက်ကိုင်အဖွဲ့ဝင်များက လျှပ်စစ်ဓာတ်အားပေး တာဝါတိုင်များနှင့်ကွန်ကရစ်တိုင်များအား မိုင်းထောင်ဖောက်ခွဲဖျက်ဆီးမှုခဲ့ကြသဖြင့် ယနေ့အထိ 66 KV , 230 KV , 132 KV ဓာတ်အားလိုင်းများ၏ တာဝါတိုင် ၆၄ တိုင်ပျက်စီးခဲ့ကြောင်း နစက မှထုတ်ပြန်ခဲ့သည်။

66 KV ဓာတ်အားလိုင်း ၉ လိုင်းမှ တာဝါတိုင်နှင့်ကွန်ကရစ်တိုင်များ ၁၅ ကြိမ် မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခံရ၍ တာဝါတိုင် ၁၉ တိုင်ပျက်စီးခဲ့ပြီး 230 KV နှင့် 132 KV လျှပ်စစ်ဓာတ်အားလိုင်း ၆ လိုင်းမှတာဝါတိုင် ၄၅ တိုင်လည်း ၁၉ ကြိမ် မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခံခဲ့ရသည်။

132 KV ဘီလူးချောင်း-၂ (တီကျစ်)ဓာတ်အားလိုင်းသည် ၆ ကြိမ်ဖျက်ဆီးခံခဲ့ရပြီး ၁၉ တိုင်ပျက်စီးခဲ့သဖြင့် တာဝန်ရှိသူများက ပြန်လည်ပြင်ဆင်ခဲ့ပြီးဖြစ်ကာ 230 KV ဘီလူးချောင်း-ရွှေမြို့ ဓာတ်အားလိုင်းသည်လည်း ၆ ကြိမ်ဖျက်ဆီးခံရကာ ၁၅ တိုင်ပျက်စီးခဲ့သဖြင့် တာဝန်ရှိသူများက ပြန်လည်ပြင်ဆင်လျက်ရှိရာ ၆ တိုင်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။

230 KV ဘီလူးချောင်း-တောင်ငူ ဓာတ်အားလိုင်းသည်လည်း ၄ ကြိမ်ဖျက်ဆီးခံရကာ ၆ တိုင်ပျက် စီးကာ ပြစ်ဖြစ်ပေါ်ဆဲဖြစ်ပြီး 230 KV မန်စံ-ရွှေစာရံ ဓာတ်အားလိုင်းသည် ၁ ကြိမ်ဖျက်ဆီးခံရပြီး ၁ တိုင်ပျက်စီးခဲ့သဖြင့် တာဝန်ရှိသူများကပြန်လည်ပြင်ဆင်ခဲ့ပြီးဖြစ်ကာ 230 KV မော်လမြိုင်-မြဝတီ ဓာတ်အားလိုင်းသည်လည်း ၁ ကြိမ်ဖျက်ဆီးခံရပြီး ၂ တိုင်ပျက်စီးခဲ့သဖြင့် ပြုပြင်လျက်ရှိပြီး 132 KV ရွှေစာရံ-တံခွန်တိုင် ဓာတ်အားလိုင်းမှာလည်း ၁ ကြိမ်ဖျက်ဆီးခံရပြီး ၂ တိုင်ပျက်စီးခဲ့၍ တာဝန် ရှိသူများက ပြန်လည်ပြင်ဆင်ပေးခဲ့ပြီးဖြစ် ကြောင်း သိရသည်။

230 KV နှင့် 132 KV ဓာတ်အားလိုင်းများ၏ တာဝါတိုင်များဖျက်ဆီးခံရသဖြင့် ပျက်စီးဆုံးရှုံးမှုတန်ဖိုးမှာ မြန်မာငွေကျပ် ၄၀၃၄ ဒသမ ၇၁၅ သန်းရှိခဲ့ကြောင်း နစက ၏ထုတ်ပြန်ချက်အရ သိရသည်။

ထို့ပြင် 66 KV မင်းဘူး-ငဖဲ(ကပစ-၁၄)သည် ၂ ကြိမ်ဖျက်ဆီးခံရကာ ၂ တိုင်၊ 66 KV ကျွန်းချောင်း-မြိုင်(၂)တပ်မတော်အကြီးစားစက်ရုံသည် ၄ ကြိမ်ဖျက်ဆီးခံရပြီး ၁၂ တိုင်၊ 66 KV ရွှေတောင်-ပေါက်ခေါင်း ကပစ(၁၉)မှာ ၃ ကြိမ်ဖျက်စီးခံရပြီး ၃ တိုင်၊ 66 KV ဥသျှစ်ပင်-ဆင်တဲသည် ၁ ကြိမ်ဖျက်ဆီးခံရကာ ၁ တိုင်၊ 66 KV ကျောက်ထု-ဆောသည် ၁ ကြိမ်ဖျက်ဆီးခံရကာ ၁ တိုင်၊ 66 KV ကျောက်ထု-ဘီးလင်းသည် ၁ ကြိမ်ဖျက်ဆီးခံရကာ ကြိုးပြတ်၊ 230 KV ညောင်ပင်ကြီး-ချောင်းကူးသည် ၁ ကြိမ်ဖျက်ဆီးခံရကာ ကြိုးပြတ်ခဲ့ကြောင်း သိရသည်။

ဖြစ်ပွားခဲ့သည့် လျှပ်စစ်ဓာတ်အားပေးတာဝါတိုင်များပျက်စီးမှုနှင့်ကြိုးပြတ်မှုများအား သက်ဆိုင် ရာတာဝန်ရှိသူများက ပြန်လည်ပြင်ဆင်ပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။

ထို့ပြင် 66 KV လွိုင်ကော်-ဘော်လခဲ၊ 66 KV လွိုင်ကော်-ရှားတော ဓာတ်အားလိုင်းတို့သည်လည်း ၁ ကြိမ်စီ ဖောက်ခွဲဖျက်ဆီးခံခဲ့ရသဖြင့် ပြန်လည်ပြင်ဆင်ရန် ပျက်စီးမှုများအား တာဝန်ရှိသူများက စစ်ဆေးလျက်ရှိကြောင်း သိရသည်။

66 KV လျှပ်စစ်ဓာတ်အားလိုင်းများ၏ တာဝါတိုင်နှင့်ကွန်ကရစ်တိုင်များ မိုင်ထောင်ဖောက်ခွဲဖျက် ဆီးခံရမှုကြောင့် ပျက်စီးဆုံးရှုံးမှုတန်ဖိုးမှာ မြန်မာငွေကျပ် ၂၅ ဒသမ ၉သန်းရှိသည်ဟု နစက ၏ ထုတ်ပြန်ချက်အရ သိရသည်။

အစိုးရ၏ တိုင်းနှင့်ပြည်နယ်၊ကျေးလက်ဒေသများပါမကျန် လျှပ်စစ်မီးရရှိရေးအတွက် ရည် ရွယ်ဆောင်ရွက်လျက်ရှိရာ ထိုသို့ လျှပ်စစ်ဓာတ်အားပေးတာဝါတိုင်များနှင့်ကွန်ကရစ်တိုင်များအား မိုင်းထောင်ဖောက်ခွဲဖျက်ဆီးသူများကို ဖမ်း ဆီးရမိရေးနှင့်ဥပဒေအရထိရောက်စွာအရေးယူနိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here