ပြင်ဦးလွင်မြို့တွင် နေအိမ်အတွင်း၌ အမျိုးသမီးတစ်ဦးဒဏ်ရာများဖြင့်သေဆုံးကာ ၃ ဦးဒဏ်ရာရရှိမှုဖြစ်စဥ် ယနေ့ ဖြစ်ပွားခဲ့

0
399

မန္တလေးတိုင်း၊ပြင်ဦးလွင်မြို့၊ရေချမ်းအိုးရပ်ကွက်ရှိ နေအိမ်တစ်လုံးအတွင်း၌ အမျိုးသမီး ၁ ဦးဒဏ် ရာများဖြင့်သေဆုံးကာ ၃ ဦးဒဏ်ရာရရှိခဲ့သည့်ဖြစ်စဥ် အောက်တိုဘာ ၁၃ ရက်(ယနေ့)နံနက်ပိုင်းက ဖြစ်ပွားခဲ့ကြောင်း ပြင်ဦးလွင်နာရေးကူညီမှုအသင်းမှ သိရသည်။

“အခင်းဖြစ်စဥ်ကို ရဲတပ်ဖွဲ့ကစစ်ဆေးနေဆဲပါ ဘာ့ကြောင့်ဖြစ်တယ်ဆိုတာတွေကို အခုထိအတိ အကျမသိရသေးပါဘူး ပြစ်မှုကျူးလွန်သူလို့ယူ ဆရတဲ့ အမျိုးသားတစ်ယောက်ကိုလည်း ဒဏ်ရာတွေနဲ့တွေ့ခဲ့ရပါတယ်”ဟု ပြင်ဦးလွင်နာရေးကူညီမှုအသင်း၏ တာဝန်ရှိသူတစ်ဦးကပြောသည်။

ဖြစ်စဥ်တွင် အမျိုးသမီး ၁ ဦးတွင် ထိခိုက်ဒဏ်ရာများရရှိ၍ အခင်းဖြစ်နေအိမ်၌ သေဆုံးသွားကာ အမျိုးသား ၂ ဦးနှင့်အမျိုးသမီး ၁ ဦးတို့တွင်လည်း ထိခိုက်ဒဏ်ရာများရရှိထားကြောင်း သိရသည်။

ထို့ကြောင့် သေဆုံးသူ၏ရုပ်အလောင်းနှင့်ထိခိုက်ဒဏ်ရာရရှိသူများအား ပြင်ဦးလွင်နာရေးကူညီမှုအသင်းကားများဖြင့် ပြင်ဦးလွင်မြို့ပြည်သူ့ဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

Photo-ပြင်ဦးလွင်နာရေးကူညီမှုအသင်း


LEAVE A REPLY

Please enter your comment!
Please enter your name here