မင်္ဂလာဒုံနှင့်ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်တို့တွင် စိတ်ကြွဆေးပြား ၂၀၀၀၀ ပြားကျော်အား ရောင်း ချသုံးစွဲသူများနှင့်အတူဖမ်းမိ

0
327

ရန်ကုန်တိုင်း၊မင်္ဂလာဒုံနှင့်ဒဂုံမြို့သစ်(ဆိပ်ကမ်း) မြို့နယ်တို့တွင် အောက်တိုဘာ ၁၂ ရက်ညနေပိုင်းနှင့်ညပိုင်းတို့က စိတ်ကြွဆေးပြား ၂၀၁၄၀ ပြားအား ရောင်းချသုံးစွဲသူ ၅ ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း ရဲတပ်ဖွဲ့မှသိရသည်။

ယင်းနေ့ညနေ ၄ နာရီခန့်က မူးယစ်ဆေးဝါးတား ဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၀င်များသည် သတင်းအရ မင်္ဂလာဒုံမြို့နယ်၊ထောက်ကြန့်မြို့၊မြောက်ပိုင်းရပ်ကွက်၊ ရန်ကုန်-ပြည်သွားကားလမ်းတွင် လွင်မိုးအောင်(ခ)ရွှေပူး(၂၂)နှစ်မောင်းကာ ဟိန်းထက်အောင်(ခ)ဖိုးသဲ(၂၉)နှစ်နှင့် ဟိန်းသက်အောင်(ခ) ကျော်ကြီး(၂၉)နှစ်တို့လိုက်လာသည့် TOYOTA COROLLA FIELDER ကားအားတားဆီးစစ်ဆေးခဲ့ကြသည်။

၎င်းတို့ထံမှ စိတ်ကြွဆေးပြား ၁၀၁၄၀ ပြားအားဖမ်းဆီးရမိသဖြင့်စစ်ဆေးရာ ည ၆ နာရီတွင်စိတ် ကြွဆေးပြားများရောင်းချသူ ဒေါ်သင်းလဲ့လဲ့စန်း (၄၃)နှစ်နှင့်ဇော်၀င်းလှိုင်(၃၄)နှစ်တို့အား ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ (၅၈)ရပ်ကွက်၊ဦးဘသက်လမ်းတွင် စိတ်ကြွဆေးပြား ၁၀၀၀၀ ပြားနှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့သည်။

ထို့ကြောင့် ဖမ်းဆီးရမိသူများအား သက်ဆိုင်ရာရဲစခန်းများတွင် မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့်ကာ စစ်ဆေးလျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here