အိန္ဒိယ – ဗြိတိန်လွတ်လပ်စွာကုန်သွယ်မှုသဘောတူညီချက်ထစ်‌ငေါ့နေ၍ ဝန်ကြီးချုပ်အသစ်လစ်ဇ်ထရပ်စ်ခေါင်းခဲနေရ

0
161

ကမ္ဘာ့အခိုင်မာဆုံးကုန်သွယ်ရေးစေ့စပ်ညှိနှိုင်းသူများထဲမှတစ်ဦးအဖြစ်ရပ်တည်နေသည့် အိန္ဒိယ၏ဂုဏ်သိက္ခာသည် ဗြိတိန်ဝန်ကြီးချုပ်လစ်ဇ်ထရပ်စ်အတွက် အဆင်မပြေမှုတစ်ရပ်ဖြစ်လာနေသည်။

ဝန်ကြီးချုပ်နရင်ဒရာမိုဒီသည် ၂၀၂၁ ခုနှစ်တွင် FTA ကိုလက်မှတ် ထိုးပြီးသည် နှင့် အချို့ကုန်စည်များအားအခွန်ကင်းလွတ်ခွင့်ပြုသည့်  ကုန်သွယ်ရေးသဘောတူညီချက်ကို ဦးစားပေးဆောင်ရွက်မည်ဟုကတိပြုခဲ့သော်လည်း ယခုအခါဗြိတိန်နှင့်သဘောတူညီချက်အတွက်အလားအလာမှာ မှေးမှိန်နေသည်။အိန္ဒိယသည် သဘောတူညီချက်အသစ်နှစ်ခုလက်မှတ်ရေးထိုးခဲ့ပြီး တစ်ခုမှာအာရပ်စော်ဘွားများပြည်ထောင်စုနှင့် အခြားတစ်ခုမှာ ဩစတြေးလျနှင့်ဖြစ်သည်။

ထရပ်ဇ်အတွက်အိန္ဒိယ၏ရပ်တည်ချက်သည် ကြီးမားသောကုန်သွယ်မှုသဘောတူညီချက်များကို တွန်းလှန်ရန်ဖိအားများမြင့်မားနေပြီဖြစ်သောကြောင့် ဗြိတိန်ဘက်မှလိုက်လျောမှုများပေးရန် တွန်းအားပေးနိုင်သည့်အခြေအနေဖြစ်သည်။အဆိုပါရှုံးနိမ့်မှုသည် သူ၏ Brexit လွန်အမြင်အတွက်နောက်ထပ်ထိုးနှက်ချက် တစ်ခုဖြစ်လာမည်ဖြစ်သည်။

ဗြိတိန်နှင့်ကုန်သွယ်ရေးသဘောတူညီချက်ကို အဆုံးသတ်ရန်ပျက်ကွက်ပါက အနောက်အုပ်စုနှင့်တရုတ်နိုင်ငံတို့အကြား ပထဝီနိုင်ငံရေးအရ ပြင်းထန်သောပဋိပက္ခများကြားတွင် စီးပွားရေးမျှော်လင့်ချက်အများအပြားကို ဆုပ်ကိုင်ထားသည့် အိန္ဒိယနိုင်ငံအတွက် အခွင့်အလမ်းလွဲချော်သွားမည်ဖြစ်သည်။အဆိုပါသဘောတူညီချက်ကို လိုက်နာမည်ဆိုပါက ယနေ့အထိအိန္ဒိယ၏အကြီးမားဆုံးဖြစ်သည့် လွတ်လပ် စွာ ကုန်သွယ်မှုသဘောတူညီချက်ဖြစ်လာမည်ဖြစ်သည်။

သို့သော်အိန္ဒိယနှင့် ယူကေတို့အကြားဆွေးနွေးမှုများသည် အောက်တိုဘာလနောက်ဆုံးထား၍ လွတ်လပ်စွာကုန်သွယ်မှုသဘောတူညီချက်ကို အပြီးသတ်ရန်တွန်းအားပေးနိုင်ဖွယ်ရှိသည့် တောင်အာရှနိုင်ငံမှထောင်ပေါင်းများစွာသော ကျွမ်းကျင်လုပ်သားများကို ပိုမိုလွယ်ကူစွာရရှိနိုင်ရေးအတားအဆီးတစ်ခုကတိုးလာခဲ့သည်။

နူးဒေလီသည် သဘောတူညီချက်၏တစ်စိတ်တစ်ပိုင်းအဖြစ် ဗြိတိန်၏လူမှုဖူလုံရေးစနစ်သို့ အိန္ဒိယအလုပ်သမားများ ပေးဆောင်သည့် ပေါင်တစ်ဘီလီယံခွဲခန့်ကို ပြန်ပေးရန်ကြိုးပမ်းနေသည်ဟု အဆိုပါကိစ္စနှင့်နီးစပ်သူများကဆိုသည်။ထို့အပြင် ကျွမ်းကျင်လုပ်သားများ၏ ရွှေ့ပြောင်းမှုကိုကန့်သတ်ရန် ဗြိတိန်၏ကမ်းလှမ်းမှုသည် ကုန်သွယ်ရေးသဘောတူညီချက်ကို လွဲချော်စေမည်ဖြစ်ပြီး နှစ်နိုင်ငံလုံးအတွက် အကျိုးရှိနိုင်မည်မဟုတ်ကြောင်းပြည်သူများကပြောသည်။

ယခုနှစ်တွင်မိုဒီ၏အစိုးရသည် ဘိုင်ဒင်အစိုးရ၏ အင်ဒို – ပစိဖိတ်စီးပွားရေးမူဘောင် ကုန်သွယ်မှုအပိုင်းတွင် တင်းမာမှုများဖြစ်ပေါ်ခဲ့ပြီး ၂၀၂၀ ပြည့်နှစ်တွင် တရုတ်ဦးဆောင်သော ဒေသတွင်းဘက်စုံစီးပွားရေးပူးပေါင်းဆောင်ရွက်မှုအား လုံးဝကျောထောက်နောက်ခံပြုခဲ့သည်။

မစ္စထရပ်ဇ်၏ပြောရေးဆိုခွင့်ရှိသူ မစ္စတာ Max Blain က ယူကေအစိုးရသည်အောက်တိုဘာနှောင်းပိုင်း၌ အိန္ဒိယနှင့်ကုန်သွယ်မှုသဘောတူညီချက်ရရှိရန် မျှော်လင့်နေဆဲဖြစ်ကြောင်းပြောကြားခဲ့သည်။အဆိုပါအစီအစဉ်သည် အိန္ဒိယ၏တိုးပွားလာသည့် လူလတ်တန်းစားများအား ထောက်ပံ့ပေးရန်နှင့် ယူ‌ကေစီးပွားရေးအား ၂၀၃၅ ခုနှစ်၌ ပေါင်သုံးဘီလီယံကျော်မြှင့်တင်ပေးနိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

လူဦးရေ ၁ ဒသမ ၄ ဘီလီယံဖြင့် အိန္ဒိယသည် ကမ္ဘာ့အကြီးဆုံး ဒီမိုကရေစီနိုင်ငံဖြစ်ပြီး ဝယ်ယူနိုင်စွမ်းအားတန်းတူညီမျှမှုသတ်မှတ်ချက်များဖြင့် ကမ္ဘာ့တတိယအကြီးဆုံးစီးပွားရေးနိုင်ငံဖြစ်ကြောင်း ကမ္ဘာ့ဘဏ်ကဆိုသည်။ဆွေးနွေးပွဲ အပြီးသတ်သတ်မှတ်ရက်နီးလာသည်နှင့်အမျှ အိန္ဒိယနိုင်ငံသည် မော်တော်ယာဉ်များနှင့် စကော့တ်ဝီစကီများ တင်သွင်းခွန်လျှော့ချခြင်းအပါအဝင် ဗြိတိန်အတွက်အရေးကြီးသောကိစ္စရပ်များအတွက် သဘောတူညီခြင်းမရှိသေးပေ။

သို့သော် ၂၀၃၀ ပြည့်နှစ်တွင် နှစ်နိုင်ငံကုန်သွယ်မှုနှစ်ဆတိုးရန် နှစ်နိုင်ငံစလုံးကမျှော်မှန်းထားသည်။အိန္ဒိယနှင့်ဗြိတိန်တို့အကြား စုစုပေါင်းကုန်သွယ်မှုသည် ၂၀၂၁ – ၂၀၂၂ ခုနှစ်အတွင်း ဒေါ်လာ ၁၇ ဘီလီယံကျော်ရှိခဲ့သည်ဟု အိန္ဒိယအစိုးရအချက်အလက်များအရသိရှိရသည်။

Source : The Indian Express


LEAVE A REPLY

Please enter your comment!
Please enter your name here