မိတ္ထီလာမြို့နယ်တွင် အမျိုးသားတစ်ဦးနေအိမ်ရှေ့၌ ကြိုးဆွဲချသေဆုံး

0
285

မန္တလေးတိုင်း၊မိတ္ထီလာမြို့နယ်၊ထမုန်ကန်ကျေး ရွာအုပ်စု၊ညောင်ပင်သာကျေးရွာတွင်အမျိုးသား ၁ ဦးနေအိမ်ရှေ့၌ အောက်တိုဘာ ၁၃ ရက်(ယနေ့) နံနက်ပိုင်းက ကြိုးဆွဲချသေဆုံးခဲ့ကြောင်း ပြည်သာယာလူငယ်လူမှုကူညီရေးအသင်းမှ သိရသည်။

ယနေ့နံနက်ပိုင်းက ညောင်ပင်သာကျေးရွာနေ က လေး ၃ ဦး၏ဖခင်ဖြစ်သူ အသက်(၄၀)နှစ်ခန့်ရှိ အမျိုးသားသည် နေအိမ်ရှေ့သစ်ပင်၌ ကြိုးဆွဲချ ၍ သေဆုံးခဲ့ကြောင်း သိရသည်။

အဆိုပါ အမျိုးသားသည် မိသားစုဝင်များနှင့်အတူနေထိုင်သူဖြစ်ကာ မည်သည့်အတွက်ကြောင့် ကြိုးဆွဲချ၍သေဆုံးခဲ့ခြင်းဖြစ်ကြောင်းအား တာဝန်ရှိသူများက စုံစမ်းစစ်ဆေးမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။

သေဆုံးသူ၏ ရုပ်အလောင်းအား ပြည်သာယာလူငယ်လူမှုကူညီရေးအသင်းမှ မိတ္ထီလာမြို့ပြည်သူ့ဆေးရုံကြီး ရင်ခွဲရုံသို့ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

“အိမ်ထောင်ဦးစီးက အခုလိုသေဆုံးသွားတော့လသူ့ရဲ့မိသားစုဝင်တွေက လူမမယ်ကလေးတွေနဲ့ဘယ်လိုရှေ့ဆက်ကြမလဲဗျာ”ဟု လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။

Photo-ပြည်သာယာလူငယ်လူမှုကူညီရေးအသင်း


LEAVE A REPLY

Please enter your comment!
Please enter your name here