လှိုင်သာယာမြို့နယ်တွင် Delivery သမားတစ်ဦး ဓားဖြင့်ထိုးခံရ၍သေဆုံး

0
434

ရန်ကုန်တိုင်း၊လှိုင်သာယာမြို့နယ်၊ရွှေလင်ဗန်းစက်မှုဇုန်ရှိ ပြင်စည်မင်းသားကြီးလမ်းတွင် အောက်တိုဘာ ၁၂ ရက်မွန်းလွဲပိုင်းက Delivery ပို့သည့် အသက်(၂၀)နှစ်ခန့်ရှိ အမျိုးသားတစ်ဦး ဓားဖြင့်ထိုးခံရ၍သေဆုံးသွားခဲ့ကြောင်း လှိုင်သာယာမြို့နယ်အခြေစိုက်လူမှုကူညီရေးအသင်းများမှ သိရသည်။

ယင်းနေ့မွန်းလွဲ ၂ နာရီကျော်ခန့်က ပြင်စည်မင်းသားကြီးလမ်းပေါ်၌ အမည်မသိအမျိုးသားများက ဆိုင်ကယ်ဖြင့်ရောက်ရှိလာကာ Delivery ပို့သည့်အမျိုးသားအား ဓားဖြင့်ထိုး၍မောင်းနှင်ထွက် ပြေးသွားခဲ့ကြကြောင်း သိရသည်။

ဓားဖြင့်ထိုးခံရသည့် အမျိုးသားသည် ရင်ဘတ် ၌ထိုးသွင်းဒဏ်ရာရရှိကာ အခင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့သဖြင့် လူမှုကူညီရေးအသင်းကားဖြင့် လှိုင်သာယာဆေးရုံ ရေခဲတိုက်သို့ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

ဓားဖြင့်ထိုးခံရ၍ သေဆုံးခဲ့သည့် အမျိုးသားသည် လှိုင်သာယာမြို့နယ်၊ ၂၀ ရပ်ကွက်၌နေထိုင်သူဖြစ်ကာ ၎င်း၏အလုပ်ရှင်များလည်း အခင်း ဖြစ်ပွားရာသို့ရောက်ရှိလာခဲ့ကြောင်း လူမှုကူညီရေးအသင်းဝင်တစ်ဦး၏ပြောကြားချက်အရ သိရသည်။

ဖြစ်စဥ်အား ရဲတပ်ဖွဲ့သို့တိုင်ကြားခဲ့သဖြင့် ရဲတပ်ဖွဲ့ဝင်များက အမှုဖွင့်ကာ ပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိရေးအတွက် စုံစမ်းစစ်ဆေးမှုများပြုလုပ်လျက်ရှိကာ အခင်းဖြစ်စဥ်၏ CCTV မှတ်တမ်းကိုလည်း စစ်ဆေးမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။

Photo CJ


LEAVE A REPLY

Please enter your comment!
Please enter your name here