ပါကစ္စတန်၌ဘတ်စ်ကားမီးလောင်မှုကြောင့် ရေဘေးသင့်ပြည်သူ ၁၈ ဦးသေဆုံး

0
172

ကရာချိ၊ အောက်တိုဘာ ၁၃

ရေကြီးရေလျှံမှုကြောင့် နေအိမ်စွန့်ခွာရှောင်တိမ်းနေရပြီး ရေကျသွားသဖြင့်အိမ်သို့ပြန်လာသူများအနက် ဘတ်စ်ကားမီးလောင်မှုကြောင့်  ၁၈ ဦးထက်မနည်း သေဆုံးခဲ့ပြီး ၁၂ ဦးသည် ကလေးငယ်များဖြစ်သည်ဟု တာဝန်ရှိသူများနှင့် ကယ်ဆယ်ရေးသမားများက အောက်တိုဘာလ ၁၃ ရက် ကြာသပတေးနေ့တွင်ပြောကြားခဲ့သည်။

ပါကစ္စတန်နိုင်ငံသည် ယခုနှစ်အတွင်းမကြုံစဖူးမုတ်သုံမိုးရွာသွန်းမှုကြောင့် နိုင်ငံ၏သုံးပုံတစ်ပုံသည် ရေနစ်မြုပ်ခဲ့ပြီး လူပေါင်း ၈ သန်းခန့်အိုးမဲ့အိမ်မဲ့ဖြစ်ကာ ကန်ဒေါ်လာ ၂၈ ဘီလီယံတန်ဖိုးရှိသော ပျက်စီးဆုံးရှုံးမှုများလည်းဖြစ်ပေါ်ခဲ့သည်။

ရေများတဖြည်းဖြည်းပြန်ကျသွားချိန်တွင် ယာယီစခန်းများတွင် နေနေရသည့် ထောင်နှင့်ချီသောအိုးမဲ့အိမ်မဲ့ရေဘေးရှောင်ပြည်သူများသည် ၎င်းတို့၏ပုံမှန်ဘဝကိုပြန်လည်အသက်သွင်းရန် ရေနစ်မြုပ်ထားသည့်နေအိမ်များသို့ပြန်သွားကြသည်။ကာရာချီမြို့အပြင်ဘက်မှ မြောက်ဘက်သို့သွားသော ဘတ်စ်ကားပေါ်တွင်မီးလောင်ကျွမ်းမှုကြောင့် ခရီးသည်များသေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့ကပြောကြားခဲ့သည်။

“ဒီမတော်တဆမှုဖြစ်တဲ့ ကားပေါ်ကလူတွေက ရေဘေးရှောင်ပြီးတော့ သူတို့ဒေသသူတို့ပြန်ကြမဲ့သူတွေပါ” ဟု အခင်းဖြစ်ပွားရာနေရာမှ ခရိုင်ကျန်းမာရေးအရာရှိ Vinod Kumar က AFP သို့ပြောကြားခဲ့သည်။

“ဘက်စ်ကားရဲ့အဲယားကွန်းစနစ်ချို့ယွင်းမှုကြောင့် မီးလောင်တာဖြစ်နိုင်ပေမဲ့ စုံစမ်းစစ်ဆေးမှုတွေကနေ အကြောင်းရင်းမှန်ကိုဖော်ထုတ်နိုင်မှာပါ” ဟု အခင်းဖြစ်ပွားရာနေရာရှိ ရဲအရာရှိတစ်ဦးဖြစ်သူ Hashim Brohi ကပြောကြားခဲ့သည်။

ပါကစ္စတန်တွင် ထိန်းသိမ်းမှုအားနည်းသော ယာဉ်များ၊လမ်းများ၊မဆင်မခြင်မောင်းနှင်ခြင်းနှင့် အရေးပေါ်ဝန်ဆောင်မှုများ အတွက် လေ့ကျင့် သငါကြားမှု အားနည်းခြင်းကြောင့် လူသေဆုံးမှုဆိုးရွားသည့်မတော်တဆမှုများ၏ မှတ်တမ်းလည်းရှိခဲ့ဖူးသည်။နိုင်ငံတစ်ဝန်းသမိုင်းတ‌ေလျှာက်ရေကြီးမှုကြောင့် လူပေါင်း ၁,၇၀၀ သေဆုံးခဲ့ရသည့် ရေကြီးရေလျှံမှုသည် ရာသီဥတုပြောင်းလဲမှုနှင့်ဆက်စပ်နေသည်။

Source : AFP


LEAVE A REPLY

Please enter your comment!
Please enter your name here