ရုရှားနှင့်တရုတ်တို့၏ ပထဝီဝင်နိုင်ငံရေးအကျပ်ကိုင်မှုအား ကန်ဘဏ္ဍာရေးဝန်ကြီးသတိပေး

0
292

ဝါရှင်တန်၊အောက်တိုဘာ ၁၃

အမေရိကန်ဘဏ္ဍာရေးဝန်ကြီး ဂျဲနက်ယဲလင်သည် အောက်တိုဘာ ၁၂ ရက် ဗုဒ္ဓဟူးနေ့၌ ကမ္ဘာ့စီးပွားရေးသည် ကြီးမားသော အခက်အခဲနှင့် ရင်ဆိုင်နေရကြောင်း ပြောကြားခဲ့ပြီး အမေရိက သည် ရုရှား၊တရုတ်နှင့်အခြားနိုင်ငံများ၏ ပထဝီဝင်နိုင်ငံရေးအရအကျပ်ကိုင်မှုကိုလည်း ကာကွယ်ရန်လုပ်ဆောင်နေသည်ဟုပြောကြားခဲ့သည်။

ဝါရှင်တန်သည် ဥရောပသမဂ္ဂနှင့် အင်ဒို – ပစိဖိတ်နိုင်ငံများနှင့် ထွန်းသစ်စဈေးကွက်များနှင့် ဖွံ့ဖြိုးဆဲနိုင်ငံများစွာ အပါအဝင်၎င်း၏ထောက်ပံ့ရေးကွင်းဆက်များကို နက်ရှိုင်းစွာပေါင်းစည်းရန်လုပ်ဆောင်နေကြောင်း ယဲလင်က ပြောကြားခဲ့သည်။

“ကုန်သွယ်မှုကို ပထဝီနိင်ငံရေးရဲ့လက်နက်သဖွယ်အသုံးပြုနေတဲ့ ရုရှားရဲ့အခြေအနေကိုကျွန်မတို့သိပြီးသားဖြစ်လို့ အဲ့လိုအ ကာအကွယ်မဲ့ ဖြစ်အောင်ထပ်လုပ်လာနိုင်တဲ့ တရုတ်လိုနိုင်ငံကနေ အကာအကွယ်မဲ့ ဖြစ်နိုင်ခြေကို  လျော့ကျအောင်လုပ်ရပါမယ်” ဟု ၎င်းကပြောကြားလျက် ယူကရိန်းသို့ကျူးကျော်မှုနှင့် အစားအစာနှင့်စွမ်းအင်တင်ပို့မှုများအား ရုရှားမှကနဦးပိတ်ဆို့ထားမှုများအတွက် တာဝန်ယူစေလိုကြောင်း ဝါရှင်တန်၏သဘောထားကိုအလေးပေးဖော်ပြခဲ့သည်။

ယဲလင်နှင့်ဘိုင်ဒင်အစိုးရ၏ အခြားအရာရှိများသည် ကမ္ဘာ့စီးပွားရေး၌ ပေကျင်း၏ဆိုးရွားသောအပြုအမူအဖြစ် ၎င်းတို့ကရှုမြင်သည့် တရုတ်ထောက်ပံ့ရေးကွင်းဆက်များအပေါ်မှီခိုနေရမှုကိုလျှော့ချရန်နှင့် ယင်းကိုတုံ့ပြန်ရန်လိုအပ်ကြောင်းလည်း ထုတ်ဖော်ပြောဆိုခဲ့သည်။

တရုတ်နှင့်အခြားနိုင်ငံအနည်းငယ်ကထုတ်လုပ်သော ဆိုလာပြားများနှင့်လျှပ်စစ်ကားဘက္ထရီများအတွက် အရေးပါသောအစိတ်အပိုင်းများအပါအဝင် ထိုင်ဝမ်မှ Semiconductor နှင့် အခြားနည်းပညာများအပေါ် အမေရိကန်ကုမ္ပဏီများ၏ အလွန်အမင်းမှီခိုနေရမှုကိုလျှော့ချရန် ဝါရှင်တန်မှလုပ်ဆောင်နေကြောင်းလည်းပြောကြားခဲ့သည်။

“မိတ်ဆွေဖွဲ့တယ်ဆိုတာ လက်တစ်ဆုပ်စာအတွက်ပဲမဖြစ်စေချင်ဘူး၊ဒါဟာ ကိုယ်ကျိုးစီးပွားကာကွယ်တဲ့ ဝါဒ မဖြစ်ရဘူး၊မတူကွဲပြားမှုတွေအတွက် ရည်ရွယ်ထားတဲ့အရာတစ်ခုဖြစ်ပေမဲ့ ကုန်သွယ်မှုရဲ့အကျိုးကျေးဇူးတွေကိုရရှိနေဆဲပါပဲ” ဟု ယဲလင်ကပြောကြားခဲ့သည်။

ပြီးခဲ့သောလက အမေရိကန်ကုန်သွယ်ရေးကိုယ်စားလှယ် Katherine Tai သည် တရုတ်နိုင်ငံ၏ ဈေးကွက်မဟုတ်သောစီးပွားရေးမူဝါဒများ၊အလေ့အထများနှင့်စီးပွားရေးအရအကျပ်ကိုင်ခြင်းအကြောင်းများနှင့်ပတ်သက်၍ ဗြိတိန်၏နိုင်ငံတကာကုန်သွယ်မှု နိုင်ငံခြားရေးဝန်ကြီးသစ် Kemi Badenoch နှင့်တွေ့ဆုံစဉ်ကလည်း စိုးရိမ်မိကြောင်းထုတ်ဖော်ပြောကြားခဲ့သည်။

Source : Reuters


LEAVE A REPLY

Please enter your comment!
Please enter your name here