ပြင်ဦးလွင်တပ်မတော်ဆေးရုံဓာတ်ရောင်ခြည်နှင့်ကင်ဆာရောဂါကုသဆောင် စနစ်များ​ကောင်းမွန်ရန် နစက ဥက္ကဋ္ဌမှာကြား 

0
255

နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြင်ဦးလွင်မြို့ရှိ နယ်မြေခံတပ်မတော်ဆေးရုံအတွင်း၌ ဆောက်လုပ်လျက်ရှိသည့် ဓာတ်ရောင်ခြည်နှင့်ကင်ဆာရောဂါကုသဆောင် တည်ဆောက်ပြီးစီးမှုအခြေအနေအား အောက်တို ဘာ ၁၃ ရက်နေ့လည်ပိုင်းက ကြည့်ရှုစစ် ဆေးစဥ် မှာကြားခဲ့ခြင်းဖြစ်သည်။

နစက ဥက္ကဋ္ဌသည် နံနက်ပိုင်းကလည်း ပြင်ဦးလွင်မြို့၊စစ်တက္ကသိုလ်၌ပြုလုပ်သည့် စစ်တက္ကသိုလ် ဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၆၅)၏ စစ်လက် ရုံးရွေးချယ်ပွဲသို့ ဆက်လက်တက်ရောက်၍ တာ ဝန်ရှိသူများနှင့်အတူ ဗိုလ်လောင်းများအား တစ်ဦးချင်းစီတွေ့ဆုံ၍ စာပေပညာ၊စစ်ပညာ၊ဘာသာ ရပ်အလိုက် ထူးချွန်ထက်မြက်မှု၊ဝါသနာနှင့် ကြိုး စားအားထုတ်မှုများပေါ်မူတည်၍ သင့်လျော် သည့် တပ်မတော် (ကြည်းရေ၊ လေ)စစ်လက်ရုံး အသီးသီးအတွက် စီစစ်ရွေးချယ်ပေးခဲ့သည်။

ထို့နောက် ပြင်ဦးလွင်မြို့ရှိ နယ်မြေခံတပ်မတော်ဆေးရုံတွင် တာဝန်ထမ်းဆောင်စဉ် ထိခိုက်ဒဏ် ရာရရှိခဲ့၍ ဆေးကုသမှုခံယူနေကြသည့် အရာရှိ၊စစ်သည်များ၊ရဲတပ်ဖွဲ့ဝင်များ၊ပြည်သူ့စစ်(ဌာနေ) တပ်ဖွဲ့ဝင်များအား တွေ့ဆုံအားပေးခဲ့သည်။

ထို့ပြင် ဆေးရုံဝင်းအတွင်း အသစ်ဆောက်လုပ်လျက်ရှိသည့် ဓာတ်ရောင်ခြည်နှင့်ကင်ဆာရောဂါကုသဆောင်တည်ဆောက်ပြီးစီးမှုအား ကြည့်ရှု၍ ရေ၊မီး စနစ်များကို စနစ်တကျထည့်သွင်းတွက် ချက်တည်ဆောက်ရန်၊လူနာများအား လွယ်ကူစွာ ရွှေ့ပြောင်းနိုင်ရေး သတ်မှတ်စံနှုန်းများနှင့်အညီတည်ဆောက်ရန်၊သတ်မှတ်ကာလအတွင်းအချိန် မီပြီးစီးအောင်တည်ဆောက်ရန်မှာကြားခဲ့သည်။

နစက ဥက္ကဋ္ဌသည် အမျိုးသားကန်တော်ကြီးဥ ယျာဉ်သို့သွားရောက်၍ ကန်တော်ကြီးဥယျာဉ်အတွင်း ရေကန်များသို့ရေဝင်ရောက်မှု၊ဥယျာဉ် စိမ်းလန်းစိုပြေရေးနှင့်သစ်ပင်ပန်းမန်များ ထိန်း သိမ်းစောင့်ရှောက်ထားရှိမှုတို့ကို ကြည့်ရှုစစ်ဆေးခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here