ကျိုက်ထီးရိုးဘုရားဖူးလာသူများအား ပစ်ခတ်တိုက်ခိုက်ခြင်းအား ပြင်းထန်စွာပြစ်တင်ရှုတ်ချဟု USDP ပါတီထုတ်ပြန်

0
530

မွန်ပြည်နယ်၊ကျိုက်ထိုမြို့နယ်ရှိ ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်မြတ်ကြီးသို့ လာရောက်ဖူးမြှော်သည့် ဘုရားဖူးပြည်သူများအား အောက် တိုဘာ ၁၂ ရက်နံနက် ၁၀ နာရီခွဲကျော်ခန့်က ကင်ပွန်းချောင်တောင်တက်ယာဥ်စခန်းအား လက်နက် ကိုင်အဖွဲ့ဝင်များက လက်နက်ကြီး၊သေနတ်များဖြင့် ပစ်ခတ်ခဲ့သဖြင့် အမျိုးသမီး ၃ ဦးသေဆုံးကာ ၁၉ ဦးထိမှန်ဒဏ်ရာရရှိခဲ့ခြင်းနှင့်ပတ်သက်၍ USDP ပါတီ ဗဟိုအလုပ်အမှုဆောင်ကော်မတီမှ ပြင်းထန်စွာပြစ်တင်ရှုတ်ချသည်ဟု အောက်တို ဘာ ၁၃ ရက်ကထုတ်ပြန်ခဲ့သည်။

ဘုရားဖူးပြည်သူ အများအပြားရှိသည့် ကင်မွန်းချောင်းတောင်တက်ယာဉ်စခန်းအား KNLA တပ် မဟာ(၁)နှင့် NUG , CRPH တို့၏ လက် အောက်ခံ PDF အဖွဲ့ဝင်များက အကြောင်းမဲ့ပစ်ခတ်တိုက် ခိုက်ခဲ့ကြသည်ဟု USDP ပါတီ၏ ထုတ်ပြန်ချက် ၌ ရေးသားထားသည်။

ထို့ကြောင့် ဘုရားဖူးလာသည့် ပြည်သူများအား စက်ဆုပ်ရွံရှာဖွယ် လူမဆန်စွာပစ်ခတ်တိုက်ခိုက်ခဲ့ကြသည့် KNLA တပ်မဟာ(၁)နှင့် NUG , CRPH တို့၏ လက်အောက်ခံ PDF အဖွဲ့ဝင်များနှင့် ၎င်းတို့၏ အကြမ်းဖက်လုပ်ရပ်များကို ပြင်းထန်စွာပြစ်တင်ရှုတ်ချသည်ဟု USDP ပါတီကထုတ်ပြန်ရေးသားထားသည်။

USDP ပါတီနည်းတူ အခြားအဖွဲ့အစည်းအသီးသီးမှလည်း ကင်ပွန်းချောင်တောင်တက်ယာဥ်စခန်း၌ ဖြစ်ပွားခဲ့သည့် ဘုရားဖူးပြည်သူများအား ပစ်ခတ်ခဲ့မှုကို ပြစ်တင်ရှုတ်ချကြောင်း သဘောထားထုတ်ပြန်ချက်များအား အသီးသီးထုတ်ပြန်ခဲ့ကြသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here