စစ်ကိုင်းမြို့နယ်တွင် ဆွမ်းခံကြွရန်သွားရောက်သည့် ဆရာတော်ကို သေနတ်ဖြင့်ပစ်သတ်၍ ဦးခေါင်းအားဖြတ်ကာ ဘုန်းကြီးကျောင်းပိုင်ကားအား လုယက်ယူဆောင်သွား

0
546

စစ်ကိုင်းတိုင်း၊စစ်ကိုင်းမြို့နယ်၊ညောင်ငုတ်တိုကျေးရွာရှိ သစ္စာရွှေဂူဘုန်းတော်ကြီးကျောင်းတွင် သီတင်းသုံးနေသည့် ခန်းနေဆရာတော်ဥူးကောဏ္ဍည(၅၀)နှစ်၊ဝါတော်(၂၀)ဝါသည် အောက်တို ဘာ ၁၃ ရက်နံနက်ပိုင်းက သတ်ဖြတ်ခံခဲ့ရကြောင်း နစက ၏ထုတ်ပြန်ချက်အရ သိရသည်။

ယင်းနေ့နံနက် ၈ နာရီ ၄၅ မိနစ်ခန့်က သစ္စာရွှေဂူဘုန်းတော်ကြီးကျောင်း၏ ခန်းနေဆရာတော်ဥူးကောဏ္ဍညသည် ဆားတောင်မြို့ပေါ်ရပ်ကွက်များသို့ ဆွမ်းခံကြွရန်အတွက် ဘုန်းကြီးကျောင်းပိုင် Hijet (အဖြူရောင်)ကားဖြင့် ထွက်ခွာလာခဲ့သည်။

ဘုန်းကြီးကျောင်းရှေ့လမ်းပေါ်အရောက်၌ လက် နက်ကိုင်အဖွဲ့ဝင် ၁၅ ဦးခန့်က ခန်းနေဆရာတော်ဥူးကောဏ္ဍည အားသေနတ်ဖြင့် ပစ်သတ်ပြီး ဦး ခေါင်းအားဖြတ်၍ ဘုန်းတော်ကြီးကျောင်းရှေ့လမ်းမပေါ်တွင်ထားခဲ့ပြီး ဘုန်းကြီးကျောင်းပိုင်ကားအား လုယက်ယူဆောင်ပြီးမောင်းနှင်ထွက် ပြေးသွားခဲ့ကြသည်ဟု နစက ၏ထုတ်ပြန်ချက်အရ သိရသည်။

ခန်းနေဆရာတော်ဥူးကောဏ္ဍညသည် ဦးခေါင်းပြတ်လျက် ကျည်ထိမှန်ဒဏ်ရာများရရှိကာ အ ခင်းဖြစ်နေရာ၌ ပျံလွန်တော်မူသွားခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံတစ်ဝှမ်း၌ လက်နက်ကိုင်အဖွဲ့ဝင်များ ၏ ပစ်ခတ်သတ်ဖြတ်မှုများကြောင့် သံဃာတော် ၅၆ ပါးနှင့်သီလရှင်ဆရာကြီး ၁ ပါးတို့ပျံလွန်တော်မူခဲ့ပြီး ဖြစ်စဥ်မှ ပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိရေးအတွက် လုံခြုံရေးအဖွဲ့ဝင်များက ပိတ်ဆို့ရှာဖွေစစ်ဆေးလျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here