ဟင်္သာတမြို့ရှိ ဟင်္သာအဝိုင်းတွင် လက်လုပ်ဗုံးပေါက်ကွဲမှုဖြစ်ပွား ယာဥ်ထိန်းရဲ ၄ ဦးဒဏ်ရာရ

0
451

ဧရာဝတီတိုင်း၊ဟင်္သာတမြို့၊ဥယျာဥ်မြောင်ရပ်ကွက်ရှိ ဟင်္သာတအဝိုင်းတွင် အောက်တိုဘာ ၁၃ ရက်ညနေပိုင်းက လက်လုပ်ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ယင်းနေ့ညနေ ၄ နာရီကျော်ခန့်က ဥယျာဥ်မြောင်ရပ်ကွက်ရှိ ဟင်္သာတအဝိုင်းတွင် ယာဥ်ထိန်းရဲတပ် ဖွဲ့ဝင်များပါဝင်သည့် ပူးပေါင်းအဖွဲ့ဝင်များက ယာဥ်စစ်ဆေးခြင်းလုပ်ငန်းများပြုလုပ်လျက်ရှိစဥ် လက်လုပ်ဗုံးပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ယာဥ်ထိန်းရဲတွေ မီးသတ်တွေ ရပ်ကွက်လူကြီးတွေလည်းပါတယ် ကားတွေဆိုင်ကယ်တွေကိုစစ်နေတဲ့အချိန်ပေါက်ကွဲသွားတာ ကျွန်တော်တို့ဒေ သအခေါ်ကတော့ ကုလားသင်္ချိုင်းရှေ့ ဟင်္သာတအဝိုင်းမှာဖြစ်သွားတာ”ဟု ဒေသခံတစ်ဦးကပြော သည်။

လက်လုပ်ဗုံးပေါက်ကွဲမှုကြောင့် ယာဥ်ထိန်းရဲတပ် ဖွဲ့ဝင် ၁ ဦးတွင် ထိခိုက်ဒဏ်ရာများ(စိုးရိမ်ရ)နှင့်အ ခြား ယာဥ်ထိန်းရဲတပ်ဖွဲ့ဝင် ၃ ဦး၌ ထိခိုက်ဒဏ်ရာများ(မစိုးရိမ်ရ)ရရှိခဲ့သည်ဟု သိရသည်။

ထို့ကြောင့် ထိခိုက်ဒဏ်ရာရရှိသူများအား လူမှုကူညီရေးအသင်းကားများဖြင့် ဟင်္သာတမြို့ပြည်သူ့ဆေးရုံသို့ ဆေးကုသမှုခံယူရန် ပို့ဆောင်ပေးခဲ့ကြပြီး ပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိရေးအတွက် လုံခြုံရေးအဖွဲ့ဝင်များက စုံစမ်းစစ် ဆေးမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here