တောင်ဥက္ကလာပမြို့နယ်ရှိ STAR WORLD KTV ဆိုင်အနီးတွင် အဝေးထိန်းရီမုလက်လုပ်ဗုံး ၂ လုံးတွေ့ဖျက်ဆီးရှင်းလင်းနိုင်ခဲ့

0
244

ရန်ကုန်တိုင်း၊တောင်ဥက္ကလာပမြို့နယ်၊ ၈ ရပ် ကွက်၊ရတနာလမ်းရှိ Star World KTV ဆိုင်အနီးတွင် အောက်တိုဘာ ၁၂ ရက်ညနေပိုင်းက အဝေးထိန်းရီမုလက်လုပ်ဗုံး ၂ လုံးတွေ့ရှိခဲ့ကြောင်း သိရသည်။

ယင်းနေ့ညနေ ၄ နာရီကျော်ခန့်က Star World KTV ဆိုင်၏ ဘယ်ဘက်ရှိလျှပ်စစ်ထရန်စဖော်မာပုံးအနီး လျှပ်စစ်ပစ္စည်းသိုလှောင်ပုံးပေါ်တွင် မသင်္ကာဖွယ်အထုပ် ၁ ထုပ်တွေ့ရှိကြောင်း သတင်းအရ လုံခြုံရေးအဖွဲ့ဝင်များက သွားရောက်စစ် ဆေးခဲ့ကြသည်။

လျှပ်စစ်ပစ္စည်းသိုလှောင်ပုံးပေါ်ရှိ အနက်ရောင်သားရေဘေးလွယ်အိတ် ၁ လုံးအတွင်း အလျား (၇)လက်မခွဲ၊အချင်း(၂)လက်မခန့်ရှိ အစိမ်းရောင်ဆေးသုတ်ထားသည့် သံပိုက်နှင့်အနက်ရောင် အဝေးထိန်းခလုတ် ၁ ခုတို့အား Panasonic 9 Volt ဖြူ/နီကြား ဓာတ်ခဲတွင် အနီအနက်ဝါယာကြိုးစဖြင့် ဆက်သွယ်ထားသည့် အဝေးထိန်းရီမုတ်လက်လုပ်ဗုံးအားတွေ့ရှိခဲ့ရသည်။

ထို့ကြောင့် ဆက်လက်ရှာဖွေရာ လျှပ်စစ်ပစ္စည်းသိုလှောင်ပုံး၏ ဘယ်ဘက်ရှိ ပန်းအိုးအတွင်းမှ အလျား(၇)လက်မခွဲ၊ အချင်း(၂)လက်မခန့်ရှိ အ စိမ်းရောင် ဆေးသုတ်ထားသည့် အဝေးထိန်းရီမုသံပိုက်လက်လုပ်ဗုံး ၁ လုံးအား ထပ်မံတွေ့ရှိခဲ့ရသည်။

ထိုသို့ တွေ့ရှိခဲ့ရသဖြင့် ည ၆ နာရီကျော်ခန့်၌ စစ် မြေပြင်အင်ဂျင်နီယာတပ်ဖွဲ့မှ သက်မဲ့ပြုလုပ်ပြီး ရတနာလမ်းပေါ်၌ ကားတာယာကွင်းအတွင်း ထည့်၍ သဲအိတ်များကာရံကာ ရှော့တိုက်ဖောက်ခွဲ ဖျက်ဆီးခဲ့ကြောင်း သိရသည်။

ဖြစ်စဥ်မှပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိရေးနှင့်ဥပဒေအရထိရောက်စွာအရေးယူနိုင်ရေးတို့အတွက် လုံခြုံရေးအဖွဲ့ဝင်များက ပိတ်ဆို့ရှာ ဖွေစစ်ဆေးမှုများပြုလုပ်ခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here